ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့က မြဝတီ ရေဘေးရှောင်စခန်း(၂)ခုအတွက် ထောက်ပံ့လှူဒါန်း

0
89

ကရင်ပြည်နယ်နယ်ခြားစောင့်တပ်မှ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်နှင့် တပ်ဖွဲဝင်များက ယမန်နေ့ ဇူလိုင် (၂၇)ရက်က မြဝတီမြို့ ယာယီရေဘေးရှောင်စခန်း(၂)ခုအတွက်သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းမှုရာတွင် ကိုးနဝင်းကျောင်း ရေဘေးရှောင်များအတွက် သိန်း(၃၀)၊ ရေပူတောင်ပေါ်ကျောင်းအတွက် ကျပ်သိန်း(၂၀)ထောက်ပံပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြဝတီဖောင်ဒေးရှင်းနှင့်အလှူရှင်များပူးပေါင်း၍ ရေပူတောင်ပေါ်ကျောင်း၊ ဓိဌာန်အောင်ကျောင်း၊ အထကခွဲ (၃)ကျောင်းရှိ ရေဘေးသင့် ပြည်သူများအတွက် စားနပ်ရိက္ခာများလည်း ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရေဘေးရှောင်များ အနေဖြင့်လည်း ယာယီနေထိုင်ခိုလှုံရာတွင် စားသောက်ရေးအတွက် လစ်ဟာမှုမရှိအောင် စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

လက်ရှိတွင်မြဝတီမြို့ သောင်ရင်းမြစ်ရေမှာ ပြန်လည်ကျဆင်းသွားပြီဖြစ်ပြီး ဒေသခံတာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက အမှိုက်ရှင်းလင်းခြင်း၊ နာမကျန်နှင့်သက်ကြီးရွယ်အိုများကို နေအိမ်များသို့ ပြန်လည်ပို့ဆောင်ရန်စီစဉ်လျှက်ရှိကြောင်း သိရသည်။

” ရေကျတော့ မိသားစုအချို့က နေအိမ်ပြန်ရှင်းတဲ့ သူကရှင်း၊ ပြီးမှ ပြန်တက်ကုမယ်သူတွေလည်းရှိတာပေါ့။ အချို့ကလည်း ယာယီစခန်းမှာ ဆက်နေတာမျိုးလည်းရှိနေပါသေးတယ်”ဟု ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here