တောင်ကျချောင်းရေမြင့်တက်မှုကြောင့် ရန်ကုန်-ပြည်ကားလမ်းရေကျော်နေ

0
123

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်အတွင်း တောင်ကျချောင်းရေမြင့်တက်မှုကြောင့် ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၀/၅)နှင့် (၁၁၀/၆)ကြား၊ မိုင်တိုင်အမှတ် (၁၁၂ /၄)နှင့် (၁၁၂/၆)ကြားတွင် ရေကျော်ဝင်ရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

အုတ်ဖိုမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အေးမြသာယာနယ်မြေ မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အိုးသည်ကုန်းနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ယာဉ်အန္တရာယ်မဖြစ်ပွားစေရေးနှင့် ခရီးသွားပြည်သူများ သွားလာရလွယ်ကူစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ပဲခူးမြို့တွင်း အနိမ့်ပိုင်း ရပ်ကွက်များအပါအဝင် ပဲခူး-ရန်ကုန် ကားလမ်းမပေါ် ရန်ကုန်-မန္တလေး လမ်းဟောင်းနေရာများတွင်လည်း ရေကျော်ဝင်ရောက်မှုရှိနေကြောင်း သိရသည်။

ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်အထက် ၅၇ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး နောက် (၁)ရက်အတွင်း (၂)ပေခန့် ဆက်လက်မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိမည်ဖြစ်ကြောင်းမိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here