စင်္ကာပူတွင်ကျင်းပနေသည့် VECONAC သို့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း တက်ရောက်

0
113

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့သည် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၆) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် (၂၃) ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၂၅) ရက်က စင်ကာပူသမ္မတနိုင်ငံ Swissotel The Stamford ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ထိုအစည်းအဝေးသို့မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင် (အငြိမ်းစား) ဦးဆောင်သည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ VECONAC အဖွဲ့ဝင်နိုင်ငံ (၁၀) နိုင်ငံမှ စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် (၂၃) ကြိမ်မြောက် အထွေထွေညီလာခံသို့ တင်သွင်းမည့် ဆုံးဖြတ်ချက် (၈)ချက်ကို ပြန်လည်သုံးသပ်ခြင်းနှင့် ဆွေးနွေးခြင်းများဆောင်ရွက်၍ အတည်ပြုရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ (၂၃) ကြိမ်မြောက် အထွေထွေညီလာခံကို ဇူလိုင်လ (၂၆) ရက်တွင်ကျင်းပရာ အဆိုပါအထွေထွေညီလာခံသို့ VECONAC အဖွဲ့ဝင် နိုင်ငံ (၁၀) နိုင်ငံမှ စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌများနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လေ့လာသူများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

ထို့ပြင် နိုင်ငံအလိုက် အစီရင်ခံစာ တင်သွင်းခြင်းအစီအစဉ်တွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၏ အစီရင်ခံစာကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ(၁) ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် (အငြိမ်းစား)က ဖတ်ကြားတင်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အထွေထွေညီလာခံ၌ အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၆) ကြိမ်မြောက်  အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည့် ဆုံးဖြတ်ချက် (၈)ချက်အားအတည်ပြုကြပြီး VECONAC အဖွဲ့ဝင် (၁၀) နိုင်ငံမှ စစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက ပူးတွဲကြေညာချက်တွင် လက်မှတ်ရေးထိုး မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားပေါင်းစုံပါဝင်သည့် မြန်မာ့တပ်မတော် စစ်မှုထမ်းဟောင်းများ၏အတွေ့ကြုံကောင်းများသည် တိုင်းပြည်အတွက်လိုအပ်နေဆဲဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here