ဘားအံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းကာ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ပြည်သူ(၅၀၀၀)ကျော် ရေဘေးလွတ်ရာများသို့ ပြောင်းရွေ့နေရာချထားပေး

0
104

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေလျံတက်မှုများကြောင့် ပြည်သူ (၅၀၀၀)ကျော် ရေဘေးလွတ်ရာများသို့ ပြောင်းရွေ့နေရာချ ထားပေးခဲ့ရကြောင်း သိရသည်။

သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် (၇၅၀) စင်တီမီတာအထက် ကျော်လွန်ပြီး (၉၀၀) စင်တီမီတာသို့ ရောက်ရှိခဲ့ရာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နယ်အနေဖြင့် သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေအမှတ် ၉၀၀ စင်တီမီတာသို့ ကျော်လွန်ကာရောက်ရှိနေပြီဖြစ်၍ ပြည်သူများရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေးအတွက် တပ်မတော်သားများ၊ ခရိုင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ရေဘေးသင့်အိမ်ထောင်စု(၁၁၃၄) စု၊ အမျိုးသား(၂၅၄၄)ဦး၊ အမျိုးသမီး(၂၇၆၉)ဦး စုစုပေါင်း (၅၃၁၃)ဦးတို့ကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်းသိရသည်။

ဇူလိုင်(၂၇)ရက်ထိ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရာနေရာများဖြစ်သည့် မိုးလုံလေလုံအားကစားရုံ၊ကြားတော ရဘုန်းကြီးကျောင်း၊ အ-ထ-က(၁)မြကြေးမုံဆောင်၊ ရွှေယ ဉ်မျှော်ဘုရား၊ အစ္စလာမ်ပရဟိတ ကျောင်း၊ အ-ထ-က(၃) အားကစားခန်းမ၊ အ-ထ-က(ခွဲ-၃)ကျောင်း၊ အ-မ-က(၇)နှင့် ပြည်နယ် ကမ္မဌာန်းကျောင်းနေရာများသို့ ပြောင်းရွေ့ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Photo Credit- Saw Chaint Phaung


LEAVE A REPLY

Please enter your comment!
Please enter your name here