ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ဖို့ မြန်မာကို အာဆီယံ တိုက်တွန်း

0
214

မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက စနေနေ့(ဇူလိုင် ၂၇) မှာ ထုတ်ပြန်ပြောဆိုလိုက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေနဲ့ ရန်လိုတိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ သဘောတူညီထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာကြဖို့ တိုက်တွန်းခဲ့ပါတယ်။

လာအိုနိုင်ငံမှာ ပြုလုပ်တဲ့ တံခါးပိတ်အစည်းအဝေးအပြီး နှစ်ရက်အကြာ အာဆီယံရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ လျှော့ချရေး၊ မတော်တဆဖြစ်ရပ်တွေ၊ တွက်ချက်မှုမှားယွင်းတာတွေ မဖြစ်ရအောင် ကာကွယ်တားဆီးရေး အစီအမံတွေအပေါ် ကြိုဆိုကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုတွေနဲ့ပတ်သက်လို့ စိုးရိမ်ဖွယ်ရာ ဖြစ်ထွန်းလာမှုအဖြစ် ဖော်ပြခဲ့သလို ယူကရိန်းနဲ့ ဂါဇာကမ်းမြောင် ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ တိုက်တွန်းခဲ့ကာ ဂါဇာရှိ ဆိုးရွားလှတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေနဲ့ စိုးရိမ်ဖွယ်ရာ အ‌ေ-သအပျောက်ဖြစ်နေမှုတို့အတွက် သတိပေးခဲ့ကြောင်းလည်း သိရပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လာအိုနိုင်ငံမှာ ဇူလိုင် ၂၄ ရက်ကနေ ၂၇ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ယင်းအစည်းအဝေးသို့ နစကအနေနဲ့ ကိုယ်စားလှယ်စေလွှတ် တက်ရောက်စေခဲ့ပါတယ်။

Ref: TBS


LEAVE A REPLY

Please enter your comment!
Please enter your name here