မလေးရှားမှာ ဆိုရှယ်မီဒီယာတွေနဲ့ စာတိုပို့ ပလက်ဖောင်းတွေ လိုင်စင်လျှောက်ရမည်

0
580

မလေးရှားနိုင်ငံမှာ အသုံးပြုသူဦးရေ ၈ သန်းလောက်ရှိနေတဲ့ ဆိုရှယ်မီဒီယာတွေ၊ စာတိုပို့ မီဒီယာ ပလက်ဖောင်းတွေအနေနဲ့ လိုင်စင်လျှောက်ထားကြရမှာဖြစ်ပြီး ဒီသတ်မှတ်ချက်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အသက်ဝင်မှာဖြစ်ကြောင်း မလေးရှားအင်တာနက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းက ဇူလိုင် ၂၇ မှာ ထုတ်ပြန်ပါတယ်။

စည်းမျဉ်းဥပဒေသစ်ဟာ လိ-မ်လည်မှုတွေ၊ အွန်လိုင်းပေါ်မှ လိ-မ်ညာလှည့်စားမှုတွေ၊ ဆိုက်ဘာအနိုင်-ကျင့်မှုတွေနဲ့ က-လေ-းသူငယ်တွေအပေါ် လိ-င်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေအပါအဝင် ဆိုက်ဘာရာဇဝတ်မှုတွေကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ မလေးရှား ဆက်သွယ်ရေးနဲ့ မာလ်တီမီဒီယာကော်မရှင်(MCMC) က ပြောဆိုပါတယ်။

ဒီအစီအမံတွေဟာ ပိုမိုလုံခြုံသော အွန်လိုင်းဂေဟစနစ်နဲ့ အထူးသဖြင့် က-လေ-းများနဲ့ မိသားစုတွေအတွက် ပိုမိုကောင်းမွန်တဲ့ အသုံးပြုသူဆိုင်ရာ အတွေ့အကြုံကို ဖန်တီးပေးလိမ့်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုခဲ့ပါတယ်။

မက်တာ(ဖေ့စ်ဘုတ်၊ အင်စတာဂရမ်၊ WhatsAPP) ၊ ဂူးဂဲလ်( ယူကျူ့၊ ဂူးဂဲလ်ချက်) ၊ TikTok ၊ Telegram ၊ X ဆိုရှယ်ပလက်ဖောင်းတွေဟာ သြဂုတ် ၁ ရက်ကစလို့ အစိုးရထံမှာ လိုင်စင် လျှောက်ထားကြရမှာဖြစ်ပါတယ်။

ဥပဒေစည်းမျဉ်း အသက်ဝင်မယ့် ဇန်နဝါရီ ၁ ရက်အလွန်အထိ လိုင်စင်လျှောက်ထားဖို့ ပျက်ကွက်ပါက ပြစ်မှုမြောက်မှာဖြစ်ပြီး ဆက်သွယ်ရေးနဲ့ မာလ်တီမီဒီယာ ဥပဒေတစ်ခုခုဖြင့် သင့်လျော်သလို အရေးယူနိုင်တယ်လို့ MCMC က ပြောဆိုပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here