တာချီလိတ်တွင် ငွေကျပ်သိန်း (၂၅၆၀) တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိ

0
226

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် အမျိုးသား နှစ်ဦးမှ (၁၂) ဘီးကားဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၂၅၆၀) တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာအနီးတွင် မော်တော်ယာဉ်များအား ဇူလိုင်(၂၅) ရက်၊ ညနေ (၅)နာရီခွဲ အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သက်ဖြိုးအောင် မောင်းနှင်ပြီး အောင်ဇေယျာဖြိုး လိုက်ပါလာသည့် NISSAN DIESEL အမျိုးအစား (၁၂) ဘီးမော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ထိုသို့ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ဆာလာအိတ်များအတွင်း ထည့်သွင်းသယ်ဆောင်လာသော ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် အလေးချိန် ၁၂၈၀၀ ကီလို ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း (၂၅၆၀) နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတို့ကို ကွင်းဆက်ဖော်ထုတ်ချက်အရ ၎င်းထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင်ခိုင်းသူ သီဟဇင် အား ကျိုင်းတုံမြို့၊ ရပ်ကွက်(၄)၊ ခွာညို(၂)လမ်းရှိ ၎င်းငှားရမ်းနေထိုင်သ ည့် ဂိုဒေါင်တွင် ညနေ (၅)နာရီ (၄၀)မိနစ်အချိန်တွင် လက် ကိုင်ဖုန်း (၁) လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ထို့ကြောင့် သက်ဖြိုးအောင်(၂၇)နှစ်၊ အောင်ဇေယျာဖြိုး(၂၀) နှစ် နှင့် သီဟဇင်(၄၅)နှစ်တို့အား ဟောင်လိတ်နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်း ဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here