ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ ရေ
ကျော်နေသည့်နေရာများ အားလုံး ပြန်လည်ကျဆင်း

0
127

ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ ရေ
ကျော်နေသည့်နေရာများ အားလုံး ယနေ့ဇူလိုင်(၂၈)တွင် ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ၊ဒေသတွင်း ခရီးသွားများအားလုံး ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း လမ်းပိုင်းကြီးကြပ်နေသည့် ကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက‌ ပေါ်ပြူလာနယူးစ်ကိုပြောသည်။

” မစောတံတားနဲ့ ကဇိုင်းအကြားရေကျော်နေရာတွေ ရေကျသွားပြီ။ကားကြီး ကားသေး ဘေးတွဲဆိုင်ကယ်‌ေတွကအစ အားလုံဖြတ်သန်းသွားလာလို့ရပါပြီ”ဟု ၎င်းက ပြောသည်။

ယနေ့ ဇူလိုင်လ (၂၈) ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဘီးလင်းမြစ်ရေသည် (၁၀၅၁) စင်တီမီတာသို့ကျဆင်းသွားကာ ယမန့်နေ့ နံနက်ပိုင်းက (၁၁၇၀)စင်တီမီတာရှိနေရာမှ မွန်းလွဲပိုင်း(၁၂)ခွဲအချိန် တိုင်းတာချက်အရ (၁၀၉၆)စင်တီမီတာသို့ တစ်ဖြည်းဖြည်းကျဆင်းခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းသည် ဇူလိုင်(၂၅)ရက်နေ့မှစတင်၍ ရေကျော်နေသည့်အတွက် ဒေသတွင်းခရီးသွားယာဉ်များအားလုံး ဖြန်သန်းခွင့်ပိတ်ထားပြီး၊ ယမန်နေ့ ဇူလိုင် (၂၇)ရက်တွင် ရေအနည်းကျသွားသဖြင့် ယာဉ်ကြီးများကိုရှေ့ဆင့် နောက်ဆင့်စီတန်း၍ စတင်ဖြန်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဘီးလင်းမြစ်ရေ မြင့်တက်လာသည့် အတွက် တောင်ကလေးနှင့်ဘီးလင်းတံတားကြား၊ တောင်ကလေးနှင့်မစောတံတာကြား၊ မစောတံတားနှင့် ကဇိုင်းတံတားအကြားတို့တွင်‌ ရေနစ်မြှပ်မှုများဖြစ်ပွားခဲ့ရပြီး ရေပြင်အကျယ် ပေ (၇၀၀)မှ ပေ(၅၀၀)အထိရှိကာ အနက်ပေ လေးပေခန့်အထိ ရေလွှမ်းမိုးခဲ့ရခြင်းဖြစ်သည်။

ဓာတ်ပုံ-CJ(ပေးပို့)


LEAVE A REPLY

Please enter your comment!
Please enter your name here