ကင်မ်၏အမိန့်ရသောအခါ ရန်သူကို လုံးလုံးလျားလျားဖျက်ဆီးပြမည်ဟု မြောက်ကိုရီးယားကတိပြု

0
206

ဆိုးလ်၊ဇူလိုင် ၂၈

စစ်ဖြစ်လာလျှင် မြောက်ကိုရီးယားသည် နိုင်ငံက လေးစားရသည့် ခေါင်းဆောင်ကင်မ်က အမိန့်ပေးသောအခါ ရန်သူများကို လုံးလုံးလျားလျားဖျက်ဆီးပစ်ရန်ကတိပြုထားကြောင်း နိုင်ငံပိုင်မီဒီယာ KCNA တွင်ဖော်ပြခဲ့သည်။

ဇူလိုင်လ ၂၇ ရက် စနေနေ့ကပြုလုပ်သည့် ကိုရီးယားစစ်ပွဲအပစ်အခတ်ရပ်စဲရေး ၇၁ နှစ်မြောက်နှစ်ပတ်လည်နေ့တွင် ကြည်းတပ်ဗိုလ်မှူးကြီး ရီအန်နှင့် ရေတပ်ဗိုလ်မှူး ယုဆောင်း အပါအဝင် အကြီးတန်းစစ်အရာရှိများက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းတို့ရည်ညွှန်းသည့် ရန်သူဆိုသည်မှာ အမေရိကနှင့်တောင်ကိုရီးယားသာမက ၎င်းတို့၏မဟာမိတ်များကိုပါ ရည်ညွှန်းလိုခြင်းဖြစ်လိမ့်မည်ဟုလည်း ကျွမ်းကျင်သူများကသုံးသပ်ပြောကြားထားသည်။

မြောက်ကိုရီးယားနှင့်အမေရိကတို့သည် တင်းမာမှုများလျှော့ချရေးနှင့် နျူကလီးယားကင်းစင်ရေးဆွေးနွေးပွဲများကို ၂၀၁၉ ခုနှစ်ကတည်းကရပ်ဆိုင်းထားခြင်းဖြစ်ပြီး သံတမန်ဆက်ဆံရေးလုံးဝမရှိခဲ့ပေ။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA ကမူ မကြာသေးမီကပြောကြားခဲ့သည်မှာ အိမ်ဖြူတော်၌ မည်သူပဲသမ္မတဖြစ်လာပါစေ ၎င်းတို့နှစ်နိုင်ငံအကြားဆက်ဆံရေးသည်ပြောင်းလဲလိမ့်မည်ဟု မမျှော်လင့်ထားကြောင်းပြောကြားခဲ့သေးသည်။

Source : ရိုက်တာ/ဇက်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here