အင်းစိန်တွင် အမှိုက်သိမ်း ဘေးတွဲဆိုင်ကယ်အား ဟိုက်ဂျက်စ်ယာဉ်က ဝင်တို-က်သဖြင့် စည်ပင်ဝန်ထမ်း (၃)ဦး ဒဏ်ရာရ

0
256

ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ ပေါက်တောဝမီးပွိုင့်အနီးတွင် အမှိုက်သိမ်း ဘေးတွဲ ဆိုင်ကယ်အား ဟိုက်ဂျက်စ်တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ ဝင်တို-က်ပြီး မောင်းပြေးခဲ့ရာ စည်ပင်ဝန်ထမ်း (၃)ဦး ဒဏ်ရာရခဲ့ရပြီး အမျိုးသမီးငယ်တစ်ဦး စိုးရိမ်ရ(အနီရောင်အဆင့်) ဒဏ်ရာများရခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့ မှ သိရသည်။

ယမန်နေ့ (၂၈)ရက်၊ ည (၉)နာရီ (၃၀)ခွဲ အချိန့်ခန့်က ၎င်းနေရာတွင် ယာဉ်တို-က်ပြေးမှု ဖြစ်ပွားရာ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံပို့ဆောင်ပေးရန် လူနာတင်ယာဉ် လိုအပ်နေကြောင်း တာဝန်သိ ပြည်သူတစ်ဦးမှ တွဲလက်လူမှုကူညီရေး ရုံးအဖွဲ့သို့ ဖုန်းဆက်အကူညီတောင်းသည့်အတွက် သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် ယာဉ်တို-က်ခံရသည့် စည်ပင် အမှိုက်သိမ်း ဘေးတွဲဆိုင်ကယ်မှမောင်းသူ စည်ပင်ဝန်ထမ်း အမျိုးသား အသက်(၆၀) ဝန်းကျင်ခန့် (ညာခြေ) ကျိုး ဦးခေါင်းကွဲ၊ အခြားပွန်းပဲ့ဒဏ်ရာများ၊ အမျိုးသမီး အသက်(၆၀)ဝန်း ကျင်ခန့် ဦးခေါင်းကွဲ၊ ခါးအောက်ပိုင်း မှန်ကွဲပျက်ရှနှင့် ညာပေါင်ကျိုး ဒဏ်ရာများရရှိခဲ့သည်။

ထို့ပြင် စည်ပင်ဝန်ထမ်း အမျိုးသမီးငယ်တစ်ဦး အသက် (၂၅)ဝန်းကျင်ခန့်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာများနှင့် ဘယ်လက်မောင်းကျိုး (အနီရောင်အဆင့်) လူနာများအား တွဲလက်လူမှုကူညီရေးအဖွဲ့ လူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ အချိန်မီပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here