မြစ်ရေများစိုးရိမ်ရေမှတ်၌ ဆက်လက်တည်ရှိမည်ဖြစ်သည့်အတွက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန် သတိပေး

0
91

ဧရာဝတီမြစ် အပါအဝင် မြစ်ရေများစိုးရိမ်ရေမှတ်၌ ဆက်လက် တည်ရှိမည်ဖြစ်သည့်အတွက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန် မိုး/ဇလမှ သတိပေးထားသည်။

ဧရာဝတီမြစ်ရေသည် ဇူလိုင် (၂၈) ရက်၊ မွန်းလွဲ (၁၂) နာရီခွဲ တိုင်းထွာချက်များအရ ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၉ ဒသမ ၃၇ ပေ (၁၂၀၀ စင်တီမီတာ)အထက်သို့ ပေဝက်ကျော်ခန့်(၂၁ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။

ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၄၄ ဒသမ ၀၃ ပေ (၁၃၄၂ စင်တီမီတာ)အထက်သို့ နှစ်ပေခန့် (၆၂ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေကာ နောက်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း ကြေညာချက်အရ သိရသည်။

အလားတူ ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေ (၁၁၆၀ စင်တီမီတာ)အထက်သို့ နှစ်ပေကျော်ခန့် (၆၈ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးလက်မခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေ (၁၀၇၀ စင်တီမီတာ)အထက်သို့ ခြောက်ပေခွဲခန့် (၁၉၅ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကာ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၂ ဒသမ ၉၇ ပေ (၇၀၀ စင်တီမီတာ)အထက် သို့ သုံးပေခွဲကျော်ခန့် (၁၁၁ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေကာ နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၈ ဒသမ ၈၇ ပေ (၈၈၀ စင်တီမီတာ)အထက်သို့ သုံးပေခွဲခန့် (၁၀၂ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်ပေခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း အသိပေးထားသည်။

အလားတူ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၄ ဒသမ ၆၁ ပေ (၇၅၀ စင်တီမီတာ)အထက်သို့ ခြောက်ပေခွဲခန့် (၁၉၄ စင်တီမီတာ) ကျော်လွန် ရော က်ရှိနေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့ပြင် သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၁ ဒသမ ၅၉ ပေ (၉၆၃ စင်တီမီတာ)အထ က်သို့ နှစ်ပေကျော်ခန့် (၆၇ စင်တီမီတာ) ကျော်လွန် ရောက်ရှိကာ နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည် ရှိနိုင်ကြောင်း သိရသည်။

ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေ (၁၁၆၀ စင်တီမီတာ)အထက် သို့ သုံးပေခန့် (၈၆ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေကာ နောက်တစ်ရက်အတွင်း နှစ်လက်မခန့် ကျဆင်းလာနိုင်ကြောင်း သာပေါင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၀ ဒသမ ၃၄ ပေ (၆၂၀ စင်တီမီတာ)အထက်သို့ နှစ်ပေခန့် (၆၀ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း လေးလက်မခန့် မြင့်တက်လာနိုင်ကြောင်း သိရသည်။

အလားတူ ပုသိမ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၁ ဒသမ ၄၈ ပေ (၃၅၀ စင်တီမီတာ)အထက်သို့ ပေဝက်ခန့် (၁၀ စင်တီမီတာ) ကျော်လွန်ရောက်ရှိပြီး နောက်တစ်ရက်အတွင်း ဒီရေမြင့်တက်ချိန်တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့ပြင် တိုးမြစ်ရေသည် မအူပင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၃ ဒသမ ၆၂ ပေ (၇၂၀ စင်တီမီတာ)အထက်သို့ ပေဝက်ကျော်ခန့် (၁၈ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေကာ နောက်တစ်ရက်အတွင်း ဒီရေမြင့်တက်ချိန်တွင် စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် မြင့်တက်လာနိုင်ကြောင်း မိုး/ဇလထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here