ရှမ်းမြောက်တိုက်ပွဲများ နှစ်ဘက်မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး၍ အပစ်အခတ်ရပ်စဲရန် RCSS တိုက်တွန်း

0
219

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲအား နှစ်ဘက်အဖွဲ့အစည်းများ မျက်နှာချင်းဆိုင်တွေ့ဆုံ၍ အပစ်အခတ်  ရပ်စဲကြရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ကြရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ယနေ့ ဇူလိုင်(၂၉)ရက် ရက်စွဲဖြင့် အသိပေး တိုက်တွန်းထားသည်။

RCSS ၏ ယခုနှစ် (၆)လပတ်အစည်းအဝေးအား ဇူလိုင်(၂၆)ရက်မှ (၂၈) ရက်အထိ ၎င်းတို့၏ ဗဟိုဌာနချုပ် တည်ရှိရာ လွယ်တိုင်းလျဲန်းတွင် ပြုလုပ်ခဲ့ကြပြီးနောက် ယင်း အစည်းအဝေးအပြီး ရှမ်းမြောက်တိုက်ပွဲများနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို အသိပေးချက်တွင် ရှမ်းပြည်တောင်ပိုင်းဒေသ တည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်စိမ် ပစ္စည်း ဉစ္စာများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် RCSS အနေဖြင့် ပြည်သူလူထုနှင့် လက်တွဲ၍ ကာကွယ် စောင့်ရှောက်သွားမည်ဟု ဆိုသည်။

ထို့အပြင် ရှမ်းမြောက်တိုက်ပွဲများကြောင့် ရှမ်းပြည်သူများ၏ အိုးအိမ်ပစ္စည်း ဉစ္စာများ ပျက်စီးဆုံးရှုံးရခြင်း၊ ‌ေ-သဆုံး ဒဏ်ရာရခြင်း၊ စစ်ဘေးရှောင်နေရခြင်းများ ကြုံတွေ့နေရသည့်အပြင် က-လေ-းသူငယ်များ အမျိုးသမီးများ ၊ သက်ကြီးရွယ်အိုများ ဒုက္ခ အခက်အခဲများ ကြုံတွေ့နေရသည့်အပေါ် များစွာစိတ်မကောင်းဖြစ်မိကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here