ဂိုလန်ကုန်းမြင့် ဖြစ်ရပ်နဲ့ပတ်သက်ပြီး လက်ဘနွန်ကို တိုက်ခိုက်လာပါက အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ အစ္စရေးကို အီရန် သတိပေး

0
347

အစ္စရေး သိမ်းယူထားတဲ့ ဂိုလန်ကုန်းမြင့်ကို အီရန်ကျောထောက် နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး လက်ဘနွန်အပေါ် အစ္စရေးက စစ်ရေးစွန့်စားမှုအသစ်လုပ်လာခဲ့ပါက မျှော်မှန်းမထားတဲ့ အကျိုးဆက်တွေဖြစ်လာနိုင်တယ်လို့ တနင်္ဂနွေနေ့မှာ အီရန်က အစ္စရေးကို သတိပေးပါတယ်။

“ဇီယွန်ဝါဒီအစိုးရရဲ့ ဆင်ခြင်ညဏ်နည်းတဲ့ လုပ်ဆောင်ချက်မှန်သမျှဟာ ဒေသတွင်း မတည်ငြိမ်မှု၊ မလုံခြုံမှုနဲ့ စစ်ပွဲနယ်ပယ်ကို ကျယ်ပြန့်လာစေနိုင်တယ်” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဆာကန်နာနီက ပြောဆိုပါတယ်။ ဒါ့အပြင် ဒီလို မိုက်မဲတဲ့ အပြုအမူတွေအတွက် မမျှော်လင့်ထားတဲ့ အကျိုးဆက်တွေနဲ့ တုန့်ပြန်လာမှုတွေအတွက် အစ္စရေးမှာ တာဝန်ရှိလိမ့်မယ်လို့လည်း သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။

လက်ဘနွန်တောင်ပိုင်းမှာ လူ‌ေ-သဆုံးမှုရှိခဲ့တဲ့ စီးနင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့အပြီး အစ္စရေးစစ်ဘက်စခန်းတွေကို အကြိမ်များစွာ တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ဟစ်ဇ်ဘိုလာအဖွဲ့က စနေနေ့မှာ ထုတ်ပြန်ပါတယ်။ ဂိုလန်ကုန်းမြင့် ဒရူဇီမြို့က ဘောလုံးကွင်းတစ်ခု ဒုံးကျည်တိုက်ခိုက်ခံရမှုကြောင့် ကလေးတွေအပါအဝင် လူ ၁၂ ဦး ‌ေ-သဆုံးခဲ့ပြီး ယင်း ဒုံးတိုက်ခိုက်မှုဟာ ၎င်းတို့လက်ချက်ဖြစ်တယ်ဆိုတဲ့ အစ္စရေးရဲ့ စွပ်စွဲချက်ကိုတော့ ဟစ်ဇ်ဘိုလာက ငြင်းဆန်ခဲ့ပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသက ကြီးလေးတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ လူအများရဲ့ အမြင်နဲ့ ကမ္ဘာရဲ့ အာရုံစိုက်မှုကို လမ်းကြောင်းလွှဲဖို့အတွက် ဟစ်ဇ်ဘိုလာကို အပြစ်ပုံချနေတယ်လို့ ကန်နာနီက စွပ်စွဲပါတယ်။ ဂိုလန်ကုန်းမြင့် လူ‌ေ-သဆုံးမှုဖြစ်ရပ်နဲ့ပတ်သက်ပြီး အစ္စရေးမှာ ကျင့်ဝတ်ပိုင်းအရ အနည်းငယ်မျှပင် မှတ်ချက်ပေးပိုင်ခွင့် မရှိကြောင်းလည်း သူက ပြောဆိုသွားပါတယ်။

Ref: Barrons


LEAVE A REPLY

Please enter your comment!
Please enter your name here