ဘားအံမြို့ရေဘေးသင့်ပြည်သူများကို ပြည်နယ်ဝန်ကြီးချုပ် ထောက်ပံ့ပစ္စည်းများပေးအပ်

0
86

သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို့၌ ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး ယင်းမြို့ရှိ ရေဘေးသင့်ပြည်သူများကို ဇူလိုင်လ (၂၈) ရက် နေ့ နံနက်ပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်မှ ထောက်ပံ့ပစ္စည်းများ လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ကုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံတွင် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ တိုင်းရင်းဆေးဝါး ကုသဆောင်ရွက်ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများကို မေးမြန်း၍အားပေးစကားပြောကြားခဲ့ပြီး ဆန်၊ ကြက်ဥ အစရှိသော စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်ကွက်သစ် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)သို့ ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စုများအား နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များက ကူညီရွှေ့ပြောင်းပေးနေမှုအခြေအနေများကို ကြည့်ရှုခဲ့ကြောင်းသိရသည်။

ကရင်ပြည်နယ်တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းကာ မြစ်ရေချောင်းရေများ မြင့်တက်လာသည့်အတွက် အနိမ့်ပိုင်းလူနေရပ်ကွက်များတွင် ရေများဝင်ရောက်ခဲ့ရာ ဇူလိုင်လ (၂၈) ရက်ထိ ဘားအံမြို့နယ်တွင် ရေ ဘေးကယ်ဆယ်ရေးစခန်း (၂၀) ခု၊ အိမ်ထောင်စု (၁၅၈၉) စု၊ လူဦးရေ (၇၃၃၂) ဦး၊ လှိုင်းဘွဲမြို့နယ် တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၁၀)ခု၊ အိမ် ထောင်စု (၁၄၄၀)စု၊ လူဦးရေ (၃၅၆၆)ဦး၊ ကော့ကရိတ်မြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၃)ခု၊ အိမ်ထောင်စု (၁၀၄) စု၊ လူဦးရေ (၄၂၇) ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရေဘေး ကယ်ဆယ်ရေးစခန်း(၃)ခု၊ အိမ်ထောင်စု (၂၂၄) စု၊ လူဦးရေ (၉၉၆) ဦး၊ မြဝတီမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေး စ ခန်း (၁၃)ခု၊ အိမ်ထောင်စု (၁၄၃၇) စု၊ လူဦးရေ (၅၃ ၄၆) ဦး၊ ကမမောင်းမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၁)ခု၊ အိမ်ထောင်စု (၃၆) စု၊ လူဦးရေ (၁၈၅) ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့ရပြီး ကရ င်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည့်ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသ ည် ယမန်နေ့ နံနက် (၆) နာရီခွဲအချိန် တိုင်းတာချက်များအရ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထ က် ၉၅၁ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၀၁၈ ခုနှစ်တွင် အများဆုံးမြင့်တက်ခဲ့သော ၉၃၈ စင်တီမီတာအထက်ကျော်လွန်၍ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

Photo Credit- Saw Chaint Paung
ပုံစာ – ဘားအံမြို့ ရေ‌ကြီးနေသည့် မြင်ကွင်း


LEAVE A REPLY

Please enter your comment!
Please enter your name here