ပဲခူးမြို့အတွင်း ရေဘေးရှောင် လူဦးရေ (၂၅၀၀၀)ကျော်ရှိလာသောကြောင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့် တပြေးညီ လုပ်ဆောင်ရန် တိုင်းဝန်ကြီးချုပ် လမ်းညွှန်မှာကြား

0
82

ပဲခူးမြို့နယ်အတွင်း ရေဘေးရှောင် လူဦးရေ (၂၅၀၄၃)ဦးရှိလာသောကြောင့် ရေကြီးနစ်မြှုပ်မှု လျော့နည်း သက်သာစေရေး၊ ရေများ အမြန်ဆုံး ပြန်လည်ကျဆင်းနိုင်ရေး၊ ရေဘေးကာကွယ်ရေး လုပ်ငန်းများ အချိန်နှင့် တပြေးညီ ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကွင်းဆင်းကြည့်ရှု မှာကြားလိုက်ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် ယာယီရေဘေးရှောင်စခန်းများ၌ လိုအပ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ငါး၊ ခေါက်ဆွဲခြောက်၊ ရေသန့်စသည်တို့အား လိုအပ်မှု မရှိစေရေး စနစ်တကျပို့ဆောင်ပေးရန်နှင့် ချက်ပြုတ်သည့်အဖွဲများအား သန့်ရှင်းစွာချက်ပြုတ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။

ထို့ပြင် ရေဝင်ရောက်သည့် ဒေသများအတွင်း ရေအမြန်ဆုံးပြန်လည်ကျဆင်းနိုင်ရန် ရေထွက်ပေါက်များ ပိတ်ဆို့မှု မရှိစေရေး ကွင်းဆင်းစစ်ဆေးရန်၊ ကားလမ်းနှင့် ရပ်ကွက်များအတွင်း အန္တရာယ်ရှိနိုင်သည့် နေရာများတွင် အသိပေးဆိုင်းဘုတ်များ စိုက်ထူသွားရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများ အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ပဲခူးမြစ်ရေမြင့်တက်လာခြင်းတို့ကြောင့် ဇူလိုင်(၂၈)ရက် ညပိုင်းအထိ ရပ်ကွက်(၁၃)၊ ကျေးရွာ(၄)ရွာတိုတွင် ယာယီရေဘေးရှောင်စခန်း(၂၇)ခု ဖွင့်လှစ်ထားရှိပြီး အိမ်ခြေ(၆၁၈၇)၊ အိမ်ထော င်စု(၆၂၅၄)၊ လူဦးရေ(၂၅၀၄၃)ဦးအား နေထိုင်စားသောက်မှု အဆင်ပြေစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အနီးကပ်ကြီးကြပ် ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here