ပဲခူးဘူတာ ရေကျော်နေသေးသဖြင့် ယနေ့ ရထားခရီးစဉ်များ ထပ်မံဖျက်သိမ်း

0
205

ပဲခူးဘူတာဝန်းအတွင်း သံလမ်းများ ရေကျော်နေသေးသည့်အတွက် ယနေ ဇူလိုင်(၃၀) ရက် ရထားခရီးစဉ်များ ထပ်မံဖျက်သိမ်းကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးထားသည်။

ထို့ကြောင့် ယနေ့ ခရီးစဉ်ဖြစ်သည့် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် (၈၂) အစုန် မော်လမြိုင် – ရန်ကုန် ရထားနှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် (၈၁) အဆန် ရန်ကုန် – မော်လမြိုင် ရထားခရီးစဉ်များအား ယာယီဖျက်သိမ်းကြောင်း အသိပေးထားသည်။

ယမန်နေ့ ဇူလိုင် (၂၉)ရက်တွင်လည်း ပဲခူးမြို့ ရေကြီးမှုဖြစ်စဉ်ကြောင့် ရန်ကုန် – မော်လမြိုင် ရထားခရီးစဉ်များ ယာယီ ဖျက်သိမ်းပြီး ဝယ်ယူပြီးသော လက်မှတ်များအား ငွေပြန်အမ်းပေးခဲ့သည်။

ထို့ပြင် ယနေ့ ဇူလိုင် (၃၀)ရက် ခရီးစဉ်အတွက် ကြိုတင်ဝယ်ထားပြီးသော အထက်တန်း လက်မှတ်များအား မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံတွင် နံနက် (၆) မှ (၁၀) အထိ ငွေပြန်အမ်းပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာထားသည်။

ယနေ့ မိုး/ဇလ၏ အသိပေးချက်တွင် ပဲခူးမြစ်ရေသည် လက်ရှိတွင် ၁၀၀၂ စင်တီမီတာရှိနေပြီး နောက်တစ်ရက်အတွင်း နှစ်လက်မခန့် ဆက်လက်မြင့်တက်မည်ဟု ထုတ်ပြန် ကြေညာထားသည်။

ပုံစာ -30 ရက်နေ့မနက်ပိုင်း ပဲခူးမြို့ အခြေအနေ
Photo Credit – Aung Phyo Zaw


LEAVE A REPLY

Please enter your comment!
Please enter your name here