ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေးတောင်းဆိုချက်ကို လျစ်လျူရှုမှုကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြမှုတွေ ပြန်စ

0
202

ဖမ်းဆီးခံ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့နဲ့ လူအ‌ေ-သအပျောက်ရှိ ဆူပူအုံကြွမှုအတွင်း သ-တ်ဖြ-တ်ခဲ့မှုတွေအတွက် တောင်းပန်မှုလုပ်ဖို့ ရာဇသံပေးခဲ့ခြင်းကို ဝန်ကြီးချုပ် ရှိတ်ဟာစီနာအစိုးရက လျစ်လျူရှုခဲ့ပြီးနောက် တနင်္လာနေ့မှာ ဘင်္ဂလားဒေ့ရှ်ကျောင်းသားတွေ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ပြန်စခဲ့တယ်လို့ သိရပါတယ်။

အစိုးရဝန်ထမ်းအလုပ်အကိုင်ဆိုင်ရာ ခွဲတမ်းချထားမှုစနစ်ကို ဆန့်ကျင်တဲ့ ကျောင်းသားဆန္ဒပြမှုတွေ ယခုလအတွင်း ပေါ်ပေါက်ခဲ့ရာမှာ ဆူပူအုံကြွမှုတွေဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၂၀၅ ဦး ‌ေ-သဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ဆေးဘက်ဋ္ဌာနတွေရဲ့ အချက်အလက်တွေကို ကိုးကားပြီး AFP က ဖော်ပြပါတယ်။

ရုန်းရင်းဆန်ခတ်မှုတွေဟာ ဟာစီနာရဲ့ ၁၅ နှစ်တာ ဝန်ကြီးချုပ်သက်တမ်းအတွင်း အဆိုးဝါးဆုံးအခြေအနေတွေ ဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ သူမရဲ့ အစိုးရက နိုင်ငံတစ်ဝန်း အင်တာနက်တွေ ပိတ်ပင်ခြင်း၊ ကာဖျူးမိန့်ထုတ်ကာ စစ်တပ်ကို ဖြန့်ကျက်ခဲ့ခြင်းဖြင့် အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ထောင်နဲ့ချီ ဖမ်းဆီးထိန်းသိမ်းခဲ့မှုတွေအတွင်း ကနဦး ဆန္ဒပြပွဲတွေကို စီစဉ်ခဲ့တဲ့ အဖွဲ့မှ ဆန္ဒပြကျောင်းသားခေါင်းဆောင် ဒါဇင်ဝက်ခန့်လည်း ပါဝင်ခဲ့ပါတယ်။

အစိုးရဟာ မိမိတို့ရဲ့ လှုပ်ရှားမှုကို အပြည့်အဝနဲ့ လုံးလုံးလျားလျား သဘောပေါက်နားလည်ခြင်းမရှိဘူးဆိုတာ ဆက်လက်ပြသနေတယ်လို့ အဖွဲ့ရဲ့ စေ့စပ်ညှိနှိုင်းသူတစ်ဦးဖြစ်တဲ့ အဗ္ဗဒူလ် ကာဒါက ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။ မိမိတို့ တောင်းဆိုချက်တွေနဲ့အတူ တသားတည်းရှိကြောင်း ပြသဖို့နဲ့ မိမိတို့ရဲ့ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအားလုံးကို တောင်းဆိုကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့မှာ မြို့တော် ဒါကာနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အခြားနေရာတွေမှာ ဆန္ဒပြမှုတွေပြန်လုပ်ခဲ့ပေမယ့် ယခုလအစောပိုင်းက မြင်တွေ့ခဲ့ရတဲ့ ပမာဏရဲ့ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပါတယ်။

ဒါကာမြို့ ဆင်ခြေဖုံးတွေထဲက ဆန္ဒပြပွဲတစ်ခုကို ရဲတပ်ဖွဲ့က နံပါတ်တုတ်တွေသုံး ဖြိုခွင်းခဲ့ပြီး လူ ၂၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ Prothom Alo သတင်းစာက ဖော်ပြပါတယ်။ ဆန္ဒပြမှုတွေကို ဟန့်တားဖို့အတွက် လူဦးရေ သန်း ၂၀ ခန့်နေထိုင်ရာ မြို့တော်ရဲ့ နေရာအနှံ့မှာ လုံခြုံရေးတပ်ဖွဲ့တွေ ဖြန့်ကျက်ထားခဲ့ပါတယ်။

တနင်္ဂနွေနေ့(ဇူလိုင် ၂၈) ညပိုင်းအချိန်အထိ ၎င်းတို့ခေါင်းဆောင်တွေကို ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခြင်း မရှိဘူးဆိုရင် ဆန္ဒပြပွဲတွေ သီတင်းတစ်ပတ်ကြာ ဆိုင်းငံ့ထားခြင်းကိုလည်း ရပ်လိုက်မယ်လို့ ဆန့်ကျင်ရေး ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေက ကြုံးဝါးထားခဲ့တာဖြစ်ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here