ကွမ်းရွက်တပိဿာ ကျပ် ၄၀,၀၀၀ အထိ ဈေးတက်လာ

0
89

ယခုရက်ပိုင်းအတွင်း ရန်ကုန် ကွမ်းဈေးကွက်တွင် ကွမ်းရွက် တပိဿာ ကျပ် ၄၀,၀၀၀ အထိဈေးမြင့်တက်လာပြီး ကွမ်းယာဆိုင်အချို့ အရောင်းရပ်ထားရကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် ရေကြီးနစ်မြုပ်မှုကြောင့် ကွမ်းခင်းများ ပျက်စီးကုန်သည့်အတွက် ကွမ်းရွက် အဝင်မရှိသလောက် နည်းသွားကာ ကွမ်းရွက်ဈေးနှုန်းများ ဆက်လ က်မြင့်တက်လာကြောင်း ကွမ်းရွက်အရောင်းဒိုင်များ၏ ပြောပြချက်အရ သိရသည်။

ဇူလိုင်လ (၂၂)ရက် မတိုင်ခင်က ကွမ်းရွက် တပိဿာကျပ် (၂၁,၀၀၀) သာရှိခဲ့သော်လည်း ရေကြီးနစ်မြုပ်မှုများဖြစ်ပြီးနောက် ကွမ်းရွက်တပိဿာ ကျပ် (၃၀,၀၀၀) အထိ ဈေးတက်ခဲ့ပြီး ဇူလိုင် (၂၈)ရက်တွင် ကျပ် (၄၀,၀၀၀) အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

” ကွမ်းခင်းတွေ အကုန်ရေမြုပ်ကုန်တယ်လို့ကြားတယ်။ အခုရောက်ထားပြီးသား ကွမ်းတွေကိုပဲ တမြို့လုံးက ဖောက်သည်တွေကို အချိုးကျနဲ့ ပြန်ဖြန့်ပေးနေရတာ။ ကွမ်းက အ ဝင်မရှိသလောက် နည်းသွားပြီ”ဟု ကွမ်းဒိုင်ပိုင်ရှင်တဦးက ပြောသည်။

ကွမ်းရွက်ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ကွမ်းယာရောင်းချသူများအနေဖြင့် ကွမ်းရွက်ဈေးနှုန်းကျပ် (၃၀,၀၀၀) အထိ ရောက်လာချိန်တွင် အယာအရေအတွက်ကို လျှော့ပြီး ရောင်းချခြင်း၊ တဆင့်နိမ့်ကွမ်းရွက်များ ဝယ်ယူရောင်းချရကြောင်း သိရသည်။

ရန်ကုန်သို့ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဘက်မှ ကွမ်းရွက်အဓိကတင်သွင်းခြင်းဖြစ်ပြီး ယခုအခါ အဆိုပါဒေသများ၌ နေရာအနှံ့ ရေကြီးနစ်မြုပ်ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here