ကာလုံအပြီး မူဝါဒ ပြောင်းနိုင်လား နှင့် ရွှေ၊ဒေါ်လာဈေး ဆက်တိုက်မြင့်တက်လာမှု

0
205

မကြာသေးခင်က လှုပ်ခတ်ခဲ့သည့် ဘဏ်ဂယက်ကြောင့် ရွှေဈေး၊ ငွေဈေးသည်လည်း အလှုပ်အခတ်များခဲ့သည်။

ယနေ့ ဇူလိုင် (၃၀) ရက် ပြင်ပ ရွှေဈေးကွက်သည် အကယ်ဒမီ မီးလင်းအခေါက်ရွှေ တကျပ်သားကို ကျပ်  ၆၄၅၀၀၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာငွေလဲနှုန်းသည်လည်း တစ်ဒေါ်လာ  ၅၂၈၀ ကျပ်အထိ ဈေးပေါက်နေကြောင်း ရွှေနှင့်ငွေကြေးဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အဆိုပါ နှုန်းထားများသည် တရားဝင်ပေါက်ဈေးမဟုတ်ဘဲ ကြိုက်ရောင်း ကြိုက်ဝယ် မှောင်ခိုဈေးဖြစ်ပြီး ရန်ကုန်ရှိ ရွှေဆိုင်အချို့သည် အခေါက်ရွှေအတုံးအခဲ အရောင်းအဝယ်ကို ပိတ်ထားကြပြီး မှောင်ခိုဈေးကွက်တွင်သာ ကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြင့် အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရသည်။

” ဆိုင်တွေကတော့ အရောင်းအဝယ်သိပ်မရှိတော့ဘူး။ ပြင်ပဈေးကွက်တော့မပြောတတ်ဘူး။ ဈေးတွေကလည်း တအားတတ်နေတာ”ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရန်ကုန်ရွှေအသင်း၏ ရွှေရည်ညွှန်းဈေးသည် ကျပ် ၄၆ သိန်းဝန်းကျင်တွင်ရှိနေပြီး အသင်းဝင်ထားသည့် ရွှေဆိုင်များကိုလည်း သတ်မှတ်ထားသည့် ဈေးဖြင့်သာအရောင်းအဝယ်ပြုလုပ်ရန် ညွှန်ကြားထားသည်။

Money Changer လုပ်ကိုင်သူအချို့ကို သတ်မှတ်ချက်နှင့်မကိုက်ညီဟုဆိုကာ အရေးယူဆောင်ရွက်ခြင်းနှင့် ဗဟိုဘဏ်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာများဆက်တိုက်ထုတ်ရောင်းပေးခဲ့ချိန်တွင် ဒေါ်လာဈေးသည် တစ်ဒေါ်လာ ၄၅၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့ရာမှ ဘဏ်ဂယက်ကြောင့် တရိပ်ရိပ် မြင့်တက်လာခဲ့ရာမှ ယခုအခါ တစ်ဒေါ်လာ ကျပ် ၅၀၀၀ ကျော်သို့ မြင့်တက်လာကြောင်း သိရသည်။

အချို့ကလည်း နက်ဖန် ကာလုံအစည်းအဝေး ရှိသည့်အပေါ် ရည်ရွယ်၍

“အားလုံးက ၁ရက်နေ့နောက်ပိုင်း မူဝါဒကို စောင့်နေတာထင်တယ်။အစိုးရအနေနဲ့ $ဈေးထိန်းကြောင်းဖို့ ဘက်ပေါင်းစုံ ထည့်စဉ်းစားမယ်ထင်ပါတယ်။

အခုဆို Bangladesh နိုင်ငံမှာ အတိုး 9.5% အထိ တိုးပေးလိုက်တယ်ပြောတယ်။ ပြီးတော့ $ ကလည်း တရားဝင်ကိုင်လို့ရတော့ $ကို Bank က လက်ခံပီး Interest အစား ငွေဈေးအတက်အကျအပေါ် မူတည်ပီး ၃လတစ်ကြိမ်၊ ၆လတစ်ကြိမ် ပေါက်ဈေးရဲ့ကွာဟာချက်ကို အမြတ်အနေနဲ့ပေးနေတာတွေ့ရတယ်။ ပြီးတော့ Export လုပ်တဲ့ လုပ်ငန်းရှင်တွေကို Export Incentives ဆိုပြီး ပို့ကုန်ပစ္စည်းအပေါ်မူတည်ပြီး 10% to 20% Subsidies လုပ်ပေးတယ်။ အခွန်ကင်းလွတ်ခွင့်တွေပေးတယ်။ အဓိကတော့နိုင်ငံတော်အတွက် နိုင်ငံခြားငွေတွေစုစည်းပြီးသားဖြစ်နိုင်အောင်ကြိုးစားနေတာတွေ့ရတယ်။ လိုက်လုပ်ရမယ်ဆိုလိုတာ မဟုတ်ပါဘူး၊ case study တွေ လုပ်ကြည့်လို့ရအောင်ပါ၊တစ်ခုတော့ရှိတယ် ဒါတွေက ငွေလိုတဲ့အချိန်လုပ်နေတာလို့ပြောတယ်.. Stable ဖြစ်သွားရင်တော့ မူဝါဒတော့ ပြောင်းနိုင်တယ် “ဟု ပို့ကုန် လုပ်ငန်းရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here