ဂျာမနီတွင် အမေရိကန်တို့ လက်နက်များဖြန့်ကျက်ချထားခြင်းနှင့်ပတ်သက်၍ ဖြေကြားရန် ပင်တဂွန်ငြင်းဆို

0
221

ဂျာမနီနိုင်ငံတွင် အမေရိကန်တို့က ဒုံးကျည်လက်နက်များဖြန့်ကျက်ချထားမည်ဆိုပါက ရုရှားဖက်မှလည်း တန်းတူညီမျှသည် တန်ပြန်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ပြောကြားချက်အပေါ် ပြန်လည်မှတ်ချက်ပေးရန်ကို အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ငြင်းဆိုလိုက်သည်။

အမေရိကန်၏ အဆိုပါအစီအစဉ်သည် “စစ်အေး”ခေတ်ပုံစံ ဒုံးကျည်အကျပ်အတည်းမျိုး ဖြစ်ပွားသွားနိုင်ကြောင်း သမ္မတပူတင်က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ကျင်းပသည့် ရုရှားရေတပ်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ “ဒီလို ဒုံးကျည်မျိုးတွေ ကျွန်တော်တို့ နိုင်ငံလေပိုင်နက်ကို ရောက်ဖို့ ပျံသန်းချိန်ဟာ ၁၀ မိနစ်လောက်ပဲရှိပါတယ်။ အကယ်၍ နောက်ပိုင်းမှာ သူတို့က နျူကလီးယားထိပ်ဖူးတွေ တပ်ဆင်လာနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ကလဲ တန်းတူညီမျှတဲ့ တန်ပြန် ဖြန့်ကျက် ဆောင်ရွက်မှုတွကို လုပ်သွားမှာပါ” ဟု သမ္မတပူတင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် အဆင်သင့်ရှိမရှိ သတင်းမီဒီယာများက ပင်တဂွန်သို့ မေးမြန်းရာတွင် ပင်တဂွန်တရားဝင်ကိုယ်စားလှယ်က “ဘာမှပြန်ပြောစရာမရှိပါဘူး” ဟု ပြောကြားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက် အိမ်ဖြူတော်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မှတ်ချက်ပေးရန် တောင်းဆိုချက်များကိုလည်းကို ပြန်လည်တုံ့ပြန်ခြင်း မရှိသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here