ပဲခူးတွင် သက်သာသောနှုန်းထားဖြင့် ဆေးဝါး တိုက်ရိုက်ရောင်းချပွဲ ပြုလုပ်

0
173

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ဆေးဝါးအရောင်းဆိုင်များ လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက် ဝယ်ယူရောင်းချနိုင်ရေး ဆေးဝါးတိုက်ရိုက်ရောင်းချပွဲ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ရောင်းချပွဲကို ပဲခူးမြို့၊ သီရိဥဿာ ဈေးရုံကြီး အပေါ်ထပ်၌ ပြုလုပ်နေကာ ဇူလိုင်လ (၂၉) ရက်မှ ဩဂုတ်လ (၃) ရက်အထိ ရောင်းချပေးသွားမည်ဟု သိရသည်။

ဈေးရောင်းပွဲတော်တွင် ဈေးအရောင်းဆိုင်ခန်း (၂၆) ခန်းမှ ဆေးဝါးအမျိုးအစား (၅၀၀) ကျော်အား နေ့စဉ် ပိတ်ရက်မရှိ ရောင်းချပေးသွားမည်ဖြစ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းလည်း တက်ရောက်ကြည့်ရှုခဲ့သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ ဆေးဝါးများအား စီးပွားရေးအကျိုးတစ်ခုလို့ငှာ သိုလှောင်သိမ်းဆည်းထားခြင်းမရှိစေရေး၊ အရည်အသွေးပြည့်မီသည့် ဆေးဝါးများရောင်းချနိုင်ရေးနှင့် လက်လီအဆင့်ထိ တိုက်ရိုက်ရောင်းချနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here