၂နှစ်တစ်ကြိမ်ကျင်းပသည့် ဝူရူးချန်ပီယံရှစ် ၂၀၂၄ပွဲ သို့ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်မှ တက်ရောက် ဆုချီးမြှင့်

0
446

မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်က “the 6th Singapore International Culture Festival Wushu Championships Awards Dinner 2024” သို့ ပါဝင်တက်ရောက်ခဲ့ပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပွဲကို ဇူလိုင် (၂၈) ရက်က Summer Garden Restaurant SAF RA Mount Faber ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဇော်ဇော်စိုးအနေဖြင့် ဧည့်သည်တော်အဖြစ် ပါဝင်တက်ရောက်ခဲ့ပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို Singapore Youth Cultural and Arts Centre နှင့် Singapore International Wushu Cultural Centre တို့က ဦးစီးကျင်းပခဲ့ပြီး နိုင်ငံပေါင်း (၃၀) ကျော်မှ လူပေါင်း (၁၅၀၀) ခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Singapore International Culture Festival Wushu Championships ကို ၂၀၁၃ ခုနှစ်မှစ၍ (၂)နှစ်တစ်ကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here