ပဲခူးမြို့တွင် သြဂုတ် ပထမပတ်အထိ မိုးဆက်လက် သည်းထန်စွာ ရွာသွန်းနေဦးမည်ဖြစ်သောကြောင့် သတိပြုနေထိုင်ကြရန် လိုအပ်နေ

0
115

ပဲခူးမြို့တွင် သြဂုတ် (၁)ရက်မှ (၈) ရက်အထိ မိုးဆက်လက် သည်းထန်စွာ ရွာသွန်းနေဦးမည် ဖြစ်သောကြောင့် မြို့ခံများအနေဖြင့် သတိပြုနေထိုင်ကြရန် လိုအပ်နေသေးကြောင်း သိရသည်။

လက်ရှိတွင် ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ပဲခူးမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများတွင် ရေကြီး ရေလျှံမှု များဖြစ်ပေါ်နေရာ ရေဘေးရှောင်ဦးရေ (၅၀၀၀၀)ကျော်ရှိနေပြီး ယာယီရေဘေးရှောင် စခန်း (၂၇) ခု ဖွင့်လှစ်ကာ ကူညီပေးနေရကြောင်း ကယ်ဆယ်ရေးလုပ်ကိုင်နေသည့် လူမှုကူညီကယ်ဆယ်ရေး အသင်းများထံမှ သိရသည်။

ဇူလိုင် (၃၀)ရက်၊ နံနက်ပိုင်းက Google HUB မှ ထုတ်ပြန်သော ရေဘေးအန္တရာယ် သတိပေးချက် အညွှန်းပြ မြေပုံအရ ပဲခူးအရှေ့ဒေသများမှ မဒေါက်၊ ရွှေကျင်၊ ဒိုက်ဦးအ ရှေ့ဘက်၊ နှင်းဝိသံတံတားအရှေ့တောင်/ တောင်ဘက်ဒေ သများ (မင်းဂလွန်း၊ စံပြ၊ ဆင်ရွာ၊ မြစ်ကျိုးဒေသများ၊ ပဲခူးတောင်ဘက် သနပ်ပင်မြို့နယ်၊ ဝေါမြို့နယ်တို့တွင် အန္တရာယ်ရှိ (Danger ) အဆင့်ပြထားကြောင်း တွေ့ရသည်။

မင်းဂလွန်း တဝိုက်ဒေသများကို အန္တရာယ်အလွန်အရှိဆုံးဒေသ အမှတ်အသားပြထားသည်ကို တွေ့ရှိရပြီး သြဂုတ် (၁)ရက်မှ (၈) ရက်အထိ မိုးရွာသွန်းမှုနည်း လျော့ကျဖွယ် မရှိဘဲ ပိုမိုကောင်းလာနိုင်ကြောင်းလည်း ဖော်ပြထားသည်။

ပဲခူးမြို့တွင်း အနိမ့်ပိုင်း ရပ်ကွက်များ၊ ပဲခူးမြို့ ထူးဆီဆိုင်ရှေ့၊ ဒိုက်ဦးပြည်သူ့ဆေးရုံ၊ ဒိုက်ဦးမြို့မဈေးကြီး ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်း၊ ဘုရားလမ်း၊ မဂ္ဂတစ်လမ်းနှင့် မှော်ကန် အပါဝင် တစ်မြို့လုံးနီးပါး ရေကြီး ရေလျှံမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ထိုကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များ၊ လူမှုကူညီရေးအသင်းများ၊ သက်ဆိုင်ရာအဖွဲ့အစ ည်းများနှင့်ပူးပေါင်း၍ ရေဘေးလွတ်ရာသို ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပဲခူးမြစ်ရေမှာ ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်အထက် (၁၀၀၃) စင်တီမီတာတွင် ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇူလိုင် (၃၀)ရက်၊ နေ့လယ် (၁၂)နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရသည်။

နောက်(၂)ရက်အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ က ရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း မိုးဆက်လက်ပိုနေဦးဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပဲခူးရေဘေးရှောင်သင့်ပြည်သူများအတွက် အစားအသောက်၊ ဆေးဝါး၊ သောက်ရေသန့်၊ လူ့အသုံးဆောင်ပစ္စည်းများနှင့် အခြားအကူအညီ အထောက်ပံ့များ လိုအပ်နေကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလကလည်း ပဲခူးတစ်မြို့လုံး နီးပါး ရေကြီးနစ်မြုပ်မှုဖြစ်ပွားရာ နှစ်ပေါင်း (၆၀) အတွင်း အဆိုးရွားဆုံး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ရခြင်းကြောင့် ထိုကဲ့သို့ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံတို့က ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here