ပဲခူးတိုင်းအတွင်း ရေကြီးမှုကြောင့် ကျောင်း ၄၅၀ အထိ ယာယီပိတ်ထားရ

0
184

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေမှုကြောင့် ကျောင်းပေါင်း(၄၅၀) ကို ယာယီ ခေတ္တပိတ်ထားရကြောင်း သိရသည်။

ယာယီ ခေတ္တပိတ်ထားရသော ကျောင်းများသည် ပဲခူးတိုင်းဒေသကြီး (အရှေ့)တွင် ရှိသည့် မြို့နယ် ၉ မြို့နယ်မှအခြေခံပညာကျောင်း ၁၈၉ ကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်)တွင်ရှိသည့် မြို့နယ် ၁၁ မြို့နယ်မှ အခြေခံ ပညာကျောင်း ၂၆၁ ကျောင်း ဖြစ်သည်။

ယာယီပိတ်ထားရသော ကျောင်းများကို ရေပြန်ကျသွားချိန်တွင် သန့်ရှင်းရေးလုပ်ကာ ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပြီး စာသင်ချိန်များ နောက်ကျမှုမရှိစေရေးအတွက် အချိန်ပိုများဖြင့် ပြန်လည်သင်ကြားပေးမည်ဟုလည်း သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကမူ ပဲခူးမြို့တွင် သြဂုတ် (၁)ရက်မှ (၈) ရက်အထိ မိုးဆက်လက် သည်းထန်စွာ ရွာသွန်းနေဦးမည် ဖြစ်သောကြောင့် မြို့ခံများအနေဖြင့် သတိပြုနေထိုင်ကြရန် လိုအပ်နေသေးကြောင်း အသိပေးထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလကလည်း ပဲခူးတစ်မြို့လုံး နီးပါး ရေကြီးနစ်မြုပ်မှုဖြစ်ပွားရာ နှစ်ပေါင်း (၆၀) အတွင်း အဆိုးရွားဆုံး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ရခြင်းကြောင့် ထိုကဲ့သို့ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံတို့က ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here