ဘေရွတ်တွင် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ‌ေ-သဆုံးသူ နှင့် ဒဏ်ရာရသူ ဦးရေတိုးလာ

0
316

ဘေရွတ်မြို့ဆင်ခြေဖုံးတွင် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ‌ေ-သဆုံးခဲ့ကြသည့် အသက် ၄ နှစ်နှင့် ၆ နှစ်ကြား ကလေးငယ် ၂ ဦး၏ ရုပ်အလေ-ာင်းများကို ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ချိန်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း လက်ဘနွန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာသည်။ ယခင်ကသိထားသည်မှာ တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ‌ေ-သဆုံးခဲ့ခြင်းသာဖြစ်သည်။

ဒဏ်ရာရသူဦးရေမှာ ၆၈ ဦးမှ ၇၄ ဦးအထိ တိုးလာခဲ့ပြီး ၎င်းတို့ကို ဘေရွတ်ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးခဲ့သည်။ အပျက်အစီးများကို ဆက်လက်ဖယ်ရှားနေစဉ်အတွင်း ထပ်မံတွေ့ရှိမှုများဖြစ်လာနိုင်သဖြင့် ‌ေ-သဆုံးသူအရေအတွက် တိုးလာနိုင်သေးသည်ဟု မျက်မြင်သက်သေများက ဆိုသည်။

အစ္စရေးလေယာဉ်များသည် ဟစ်ဇ်ဘိုလာအမာခံနယ်မြေဟု ယူဆရသည့် ဘေရွတ်မြို့ ဒါဟီမြို့ ဆင်ခြေဖုံးသို့ ဒုံးကျည်လေးစင်း ဇူလိုင်လ ၃၀ ရက်နေ့က ပစ်လွှတ်ခဲ့သည်။ လေးထပ်တိုက်တစ်လုံး ပျက်စီးခဲ့ပြီး အနီးနားရှိ အဆောက်အအုံများနှင့် ရပ်ထားသည့် ကားများ ပျက်စီးခဲ့သည်။

ယင်းတိုက်ခိုက်မှုမှာ ဟစ်ဇ်ဘိုလာ စစ်ဦးစီးချုပ် Fouad Shukr ကို ရှင်းလင်းရန် ရည်ရွယ်ခြင်းဖြစ်သည်။၊ ကနဦးသတင်းများအရမူ Fouad Shukr က ရှောင်ရှားနိုင်ခဲ့သည်ဟုဆိုကြသော်လည်း၊ နောက်ပိုင်းသတင်းများအရမူ ဒဏ်ရာရရှိမှုကြောင့် ဆေးရုံတွင် ‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here