ကျားဖောင်ပေါ်သို့ ပို့ဆောင်၍ အဓမ္မခိုင်းစေပြီး လုပ်အားခ ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

0
177

ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရန် ကျားဖောင်ပေါ်သို့ ပို့ဆောင်၍ အဓမ္မခိုင်းစေပြီး လုပ်အားခ ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ အောင်ဇော်ဦး (ခ) ကြွက်နီနှင့် မြောင်းမြမြို့နေ ဇော်နိုင်တို့က လပွတ္တာမြို့နယ်နေ ဦး—- အား မြောင်းမြမြို့ရှိ ပေါင်မုန့်စက်ရုံတွင်အလုပ်အပ်ပေးမည်ဟု လိ-မ်လည် ပြောဆိုကာ ဖျာပုံမြို့ နယ်၊ နောက်မီးကျေးရွာမှ လူဝကြီး(ခ)သန်းနိုင်ထံတွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရန် ကျားဖောင်ပေါ်သို့ ပို့ဆောင်ပြီး လုပ်အားခငွေကျပ် ၇၅၀၀၀၀ အား ခေါင်းပုံဖြတ်ရယူခဲ့ကြော င်း သိရသည်။

ထိုဖြစ်စဉ်ကို ကန်ဘက်နယ်မြေ ရဲစခန်းက (ပ)၇၃/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၆ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ရာ လပွတ္တာခရိုင်တရားရုံးမှ တရားခံအောင်ဇော်ဦး (ခ) ကြွက်နီ နှင့် ဇော်နိုင်တို့ နှစ်ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here