ပဲခူးမြို့တွင် ရေဆော့ပြီး ပြန်လာသည့် အသက် (၈)နှစ်အရွယ်က-လေ-းငယ်တစ်ဦး ရေနုတ်မြောင်းအတွင်းသို့ ကျပြီး အသက်ဆုံးရှုံး

0
327

စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ပြီး ရေကြီးရေလျှံမှုနှင့် ရင်ဆိုင်နေရသည့် ပဲခူးမြို့တွင် ရေဆော့ပြီး ပြန်လာသည့် အသက် (၈)နှစ်အရွယ် က-လေ-းငယ်တစ်ဦး ရေနုတ်မြောင်းအတွင်းသို့ကျပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင် (၃၀)ရက်၊ နေ့လယ်ပိုင်းက ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်ဘက်တွင် ရေကစားပြီးပြန်လာသည့် မောင်မင်းထက်နိုင် (၈) နှစ်၊ စန်းလင်းအောင်(၈)နှစ်၊ အေးဆုနွယ်(၁၇)နှစ်တို့ (၃)ဦးမှာ လမ်းလျှောက်လာစဉ် ရှင်စောပုရပ်ကွက်၊ ရှင်စောပုလမ်း ကျောက်တွင်းကုန်း ပန်းခြံအနီးအရောက် မောင်မင်းထက်နိုင်မှာ ရေနုတ်မြောင်းအတွင်းသို့ ကျခဲ့ရခြင်းဖြစ်သည်။

ထိုသို့ ရေနုတ်မြောင်းအတွင်းသို့ ကျသွားရာ အနီးနားဝန်းကျင်ရှိ ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ များမှ ဝိုင်းဝန်းရှာဖွေရာ ဇူလိုင် (၃၀)ရက်၊ ညနေပိုင်းအချိန်တွင် ရုပ်အလေ-ာင်းအား ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ ရေကစားပြီး ပြန်လာသည့် (၃)ဦးလုံးမှာ ပဲခူးမြို့ ဆိုရှယ်လစ်(၂၆)လမ်း၊ ရှင်စောပုရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြပြီး ရုပ်အလေ-ာင်းကို အနီးနားရှိ ရေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသည့် လူမှုကူညီရေးအသင်းများမှ ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here