“ဝ”ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိပြု

0
146

“ဝ”ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် မိမိ၏အင်အားဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း “ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ ဗဟိုကော်မတီက ဇူလိုင်(၂၉)ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် “ဝ” ပြည်နယ်အနေဖြင့် စစ်မီးမမွေးခြင်းဆိုသည့် ဘက်မလိုက်မူဝါဒကို ဆုံးဖြတ်အတည်ပြုထားပြီး၊ ယင်း မူဝါဒသည် အချိန်အခါနှင့် အခြေအနေအမျိုးမျိုးကြောင့် ပြောင်းလဲသွားမည်မဟုတ်ကြောင်း ဆိုသည်။

ထို့အပြင် ၎င်းတို့၏ အသိပေးထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမတည်မငြိမ်ဖြစ်ပွားသည့်အချိန်မှစ၍ “ဝ”ပြည်နယ်အနေဖြင့် မိမိတို့၏သမိုင်းအတွေ့အကြုံနှင့် သင်ခန်းစာကိုယူပြီး “ဝ”ပြည်နယ်ရှိ တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးစီးပွားကို စဉ်းစား၍ ထို့သို့ ဆုံးဖြတ်အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင်မြန်မာနိုင်ငံသည် စစ်ရေးပဋိပက္ခများကြောင့် နိုင်ငံတော်တစ်ခုလုံး ပြိုကွဲမည့်အနေထားသို့ရောက်ရှိနေပြီး ပြည်သူလူထု၏နေထိုင်မှု ဘဝများလည်း မျှော်လင့်ချက်ကင်းမဲ့သည့်အခြေအနေသို့ ရောက်ရှိနေရာ တိုက်ပွဲများအမြန်ဆုံးရပ်တန့်ရန်မျှော်လင့်ကြောင်း အသိပေးချက်တွင်ပါရှိသည်။

စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပါက မြန်မာနိုင်ငံအတွက် စစ်ရေးပဋိပက္ခထက်ပိုမိုရှည်ကြာသော ကုသရန်ခက်ခဲသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး ပြည်သူလူထုလိုလားတောင့်တသော ငြိမ်းချမ်းရေးကို လုံးဝ မျက်ကွယ်မပြုသင့်ကြောင်း နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို လျစ်လျှုရှု့ခြင်းမပြုလုပ်သင့်ကြောင်းဆို သည်။

ထို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့တွင် ပဋိပက္ခဖြစ်ပွားနေမှုအား တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားကြရန်တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here