ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယက် အီရန်မှာ သ–တ်ဖြ–တ်ခံရ

0
251

ဟားမတ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယက်ဟာ ဒီနေ့(ဇူလိုင် ၃၁) မနက်ပိုင်းက အီရန်နိုင်ငံမှာ လု-ပ်-ကြံသ–တ်ဖြ–တ်ခံလိုက်ရတယ်လို့ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့က ပြောဆိုပါတယ်။

ဟာနီယက်‌ေ-သဆုံးမှုကို အီရန် တော်လှန်ရေးအစောင့်တပ်က အတည်ပြုခဲ့ပြီး အီရန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်ခဲ့အပြီး နာရီပိုင်းအကြာမှာ သ–တ်ဖြ—တ်ခံလိုက်ရတာဖြစ်ကြောင်းနဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း ဆိုခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစ္စရေးအာဏာပိုင်တွေဆီက မှတ်ချက်ပေးလာခြင်း မရှိသေးသလို အိမ်ဖြူတော်ကလည်း ဟာနီယက်အသတ်ခံရမှုအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့မှုကို လတ်တလောမှာ တုန့်ပြန်လာခြင်း မရှိသေးကြောင်း သိရပါတယ်။

လက်ဘရွန်နိုင်ငံ မြို့တော်ဘေရွတ်မှာ တိုက်ခိုက်မှုတစ်ခုအတွင်း ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူးတစ်ဦး ‌ေ-သဆုံးခဲ့တယ်လို့ အစ္စရေးက ထုတ်ပြန်ပြောဆိုခဲ့အပြီး ၂၄ နာရီမပြည့်ခင်မှာပဲ ယခုသတင်းထွက်လာတာလည်းဖြစ်ပါတယ်။

ဟားမတ်စ်အကြီးအရာရှိတစ်ဦးဖြစ်သူ ဆမ်မီ အဘူဇူဟရီကတော့ ညီနောင် ဟာနီယက်ကို အစ္စရေးရဲ့ လု-ပ်ကြံ-သ–တ်ဖြ–တ်မှုဟာ ဟားမတ်စ်တို့ရဲ့ ဆန္ဒကို ချိုးဖျက်ဖို့ ရည်ရွယ်တဲ့ ကြီးမားသော အရှိန်မြင့်တက်လာမှုတစ်ခုဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here