ယနေ့ပြုလုပ်သည့် ကာ/လုံ အစည်းအဝေးဆုံးဖြတ်ချက်အရ သက်တမ်း(၆)လ ထပ်မံတိုးမြင့်ဟု နစက ထုတ်ပြန်

0
88

နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကိုနောက်ထပ် သက်တမ်း (၆)လ တိုးမြှင့်သတ်မှတ်ကြောင်း နစက က ယနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းသည် ယာယီအမျိုးသားကာကွယ်ရေးနှင့် သမ္မတ(တာဝန်)တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင်လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)ခုနှစ် ပုဒ်မ ၄၂၅ နှင့်အညီတစ်ညီတညွှတ်တည်းဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယနေ့ ဇူလိုင်(၃၁)ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၄)ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here