ကိုဗစ်- ၁၉ ကာလ ထိုင်းနိုင်ငံအတွင်း ပိတ်မိနေသူများနှင့် အရေးယူခံခဲ့ရသည့် မြန်မာနိုင်ငံသား (၁၅၂)ဦး ကော့သောင်းနယ်စပ်ဂိတ်မှ တဆင့် ပြန်လည်ဝင်ရောက်လာ

0
122

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတလျှောက် အကြောင်း အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်း ပိတ်မိနေသူများနှင့် အရေးယူခံခဲ့ရသည့် မြန်မာနိုင်ငံသား(၁၅၂)ဦး ကော့သောင်းနယ်စပ်ဂိတ်မှ တဆင့် ဝင်ရောက်လာရာ နေရပ်အသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်လိုက်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

ထိုင်းနိုင်ငံ၊ ရနောင်းမြိုမှ တဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား (၁၃၂) ဦး၊ အမျိုးသမီး (၂၀)ဦး၊ စုစုပေါင်း (၁၅၂) ဦးအား ယမန်နေ့ ဇူလိုင် (၃၀)ရက် မွန်းတည့်ပိုင်းက ရောက်ရှိလာခြင်းဖြစ်သည်။

၎င်းတို့အား ထိုင်းနိုင်ငံ ၊ ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ရှိ တာဝန်ရှိအဖွဲ့အစည်းများထံ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည် ဝင်ရောက်လာသူများအား ကျန်းမာ‌ရေးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန် ပြည်သူများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူဟိန်းစိုးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည်များကို ပြောကြားခဲ့သည်။

ထို့နောက် ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါကူးစက်မှု သံသယရှိသူများ ပါဝင်လာ ခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိ/မရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်း ရှိ/မရှိ စစ်ဆေးကာ လက်ခံခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်လည်ဝင်ရောက်လာသူများအား ကိုယ်ရေးမှတ်တမ်းများ ကောက်ယူခြင်း၊ ကျန်းမာ‌ရေးစစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် မိမိတို့၏ နေရပ်ဒေသအသီးသီးသို့စနစ်တကျ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here