ဘေရွတ်မြို့တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူးဖြစ်သူ ‌ေ-သဆုံးဟု အစ္စရေး ပြော

0
190

အင်္ဂါနေ့က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ကို တိုက်ခိုက်ခဲ့မှုအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အကြီးတန်းတပ်မှူးဖြစ်သူ ‌ေ-သဆုံးခဲ့ကြောင်းနဲ့ ၎င်းဟာ အစ္စရေး သိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့်ဒေသမှာ အ‌ေ-သအပျောက်ရှိ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူဖြစ်ကြောင်း အစ္စရေးက ပြောဆိုပါတယ်။

“အစ္စရေးလေတပ် တိုက်လေယာဉ်တွေဟာ ဟစ်ဇ်ဘိုလာ အကြမ်းဖက်အဖွဲ့ရဲ့ ဝါအရင့်ဆုံး တပ်မှူးဖြစ်တဲ့ Fu’ad Shukr ကို သုတ်သင်နိုင်ခဲ့ပါတယ်” လို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဟစ်ဇ်ဘိုလာနဲ့ လက်ဘနွန် အာဏာပိုင်တွေဘက်ကတော့ အတည်ပြုခြင်း မရှိသေးကြောင်း သိရပါတယ်။

လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာတပ်မှူးကို ပစ်မှတ်ထားတဲ့ အစ္စရေးတိုက်ခိုက်မှုအတွင်း လူ သုံးဦးထက်မနည်း ‌ေ-သဆုံးကာ ၇၄ ဦး ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောဆိုပါတယ်။

က-လေ-းတွေနဲ့ လူငယ် ၁၂ ဦး ‌ေ-သဆုံးခဲ့တဲ့ ဂိုလန်ကုန်းမြင့်တိုက်ခိုက်မှုဟာ ဟစ်ဇ်ဘိုလာရဲ့ လက်ချက်ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က အခိုင်အမာပြောဆိုခဲ့ပြီးနောက် မိနစ်ပိုင်းအကြာမှာ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ဟစ်ဇာဘိုလာဟာ ကန့်သတ်အနီရောင်လိုင်းကို ကျော်ဖြတ်ခဲ့ပြီဖြစ်တယ်လို့ ဆိုရှယ်မီဒီယာပို့စ်တစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

Ref: စီအန်အန်


LEAVE A REPLY

Please enter your comment!
Please enter your name here