နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်
စင်္ကာပူသို့ တရားဝင်ခရီးစဉ်လာရောက်မည်

0
162

စင်္ကာပူ၊ဇူလိုင် ၃၀

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် ၎င်း၏ ၁၈ ကြိမ်မြောက် အင်ဒို-ပစိဖိတ်ဒေသခရီးစဉ်အဖြစ် ဇူလိုင် ၃၀ ရက်တွင် စင်္ကာပူနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ်လာရောက်မည်ဖြစ်ကြောင်းသိရသည်။

၎င်း၏ အာရှခြောက်နိုင်ငံခရီးစဉ်ကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၃ ရက်အထိပြုလုပ်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း လာအို၊ဖိလစ်ပိုင်၊ဗီယက်နမ်၊ဂျပန်နှင့် မွန်ဂိုလီးယားတို့ပါဝင်ကြောင်းလည်းသိရသည်။

စင်္ကာပူနှစ်ရက်ကြာခရီးစဉ်အတွင်း မစ္စတာဘလင်ကန်သည် စင်္ကာပူ၀န်ကြီးချုပ် လော်ရန့်စ်ဝေါင်း၊ယခင်ဝန်ကြီးချုပ်ဟောင်း မစ္စတာလီရှန်လွန်းနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဗီဗီယန်ဘာလားခရစ်ရှ်နန်တို့နှင့်ပါ တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ဘလင်ကန်သည် ဒုတိယအကြိမ်မြောက် အမေရိကနှင့်စင်္ကာပူတို့၏ Critical and Emerging Technology (CET) ဆိုင်ရာဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ‌တော်လုံခြုံရေးအကြံပေး မစ္စတာဂျိတ်ခ်ဆူလဗန်၊ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီး
ဂျိုးဇက်တိုင်ယိုတို့နှင့်အတူ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဘာလားခရစ်ရှ်နန်တို့နှင့်ပါ ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်မည်ဖြစ်သည်ဟုလည်းဆိုသည်။

အမေရိကန်ကန်နိုင်ငံတော်လုံခြုံရေးအကြံ‌ပေး မစ္စတာဆူလဗန်ကမူ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို အွန်လိုင်းမှသာတက်ရောက်လိမ့်မည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here