အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် မြေပြိုမှုကြောင့် ‌ေ-သဆုံးသူ ၁၅၀ အထိရှိလာ

0
194

နူးဒေလီ၊ဇူလိုင် ၃၁

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကီရာလာပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုသဖြင့် ‌ေ-သဆုံးသူ အရေအတွက် သည် ၁၅၀ အထိရှိလာပြီဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။

အဆိုပါမြေပြိုမှုတွင် အသက်ရှင်ကျန်ပြီး ပိတ်မိနေသူများနှင့် ‌ေ-သဆုံးသူများ၏ရုပ်အလော-င်းများကိုဆက်လက် ရှာဖွေကယ်ဆယ်နေကြောင်းသိရသည်။

အင်္ဂါ‌နေ့က ထပ်မံ မြေပြိုမှုခဲ့သဖြင့် ‌ေ-သဆုံးသူအရေအတွက် ထပ်တိုးလာနိုင်သေးကြောင်းအာဏာပိုင်များကပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်နေသော်လည်း ရာသီဥတုအခြေအနေမတည်ငြိမ်သေးဘဲ လျှပ်စစ်မီးများပြတ်တောက်နေခြင်း၊ကျောက်စိုင်ကျောက်ခဲများနှင့် အပင်များ လဲကျနေခြင်း တို့ ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများမှာ နှောင့်နှေးနေရသည်ဟု ကယ်ဆယ်ရေးသမားများက ပြောသည်။

“မိုးကြီးလို့ မြစ်ရေလည်းလျှံနေတာကြောင့် လူတွေရေစီးနဲ့ပါမပါမသိပေမဲ့ ကျောက်တုံးတွေကိုတော့ ကျွန်တော်တို့တွေ တစ်တုံးမကျန်သေချာလှန်လှောရှာဖွေပါတယ်” ဟုလည်း ၎င်းတို့ကဆိုသည်။

“လက်ရှိအချိန်အထိ လူအယောက် ၁,၀၀၀ လောက်ကိုကျွန်တော်တို့ကယ်တင်ထားနိုင်ပါတယ်” ဟု အိန္ဒိယစစ်တပ်မှတာဝန်ရှိသူတစ်ဦးကဆိုခဲ့သည်။

Source : စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here