ကချင်၊ စစ်ကိုင်း ၊ ပဲခူးနှင့် မွန်တို့ရှိ တိုင်းနှင့် ပြည်နယ်အဆင့် တရားလွှတ်တော်တရားသူကြီးများ ခန့်အပ်

0
191

နစက အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများကို ယနေ့ ဇူလိုင်လ (၃၁) ရက်စွဲဖြင့် ခန့်အပ်တာဝန်ပေး လိုက်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ (၃၁) ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် နစက ၏ အမိန့်အမှတ် ၄၄/၂၀၂၄ အရ ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်အေးအေးမော်နှင့် စစ် ကိုင်းတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်မိမိစိန်တို့ကို ခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

အလားတူ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါက်တာဇော်ဝင်းထွန်းနှင့် မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါက်တာအောင်သီဟတို့ကို ခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမိန့်အား နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here