ကြို့ပင်ကောက်တွင် ရေကြီးမှုကြောင့် လယ်ယာမြေဧက တစ်သောင်းကျော် နစ်မြုပ်

0
161

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်တွင် ရေလွှမ်းမှုကြောင့် ဇူလိုင်လ (၃၀) ရက်အထိ လယ်ယာမြေ ၁၈၃၉၇ ဧက ရေနစ်မြုပ်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံးမှ သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်မခမြစ်ရေ မြင့်တက်လာခြင်းကြာင့် ကြို့ပင်ကောက်မြို့တွင် ဇူလိုင်လ (၁၈) ရက်နေ့မှစ၍ မိုးစပါးလယ်ယာမြေများ စတင် ရေနစ်မြုပ်ခဲ့ရာ ဇူလိုင်လ (၃၀)ရက်အထိ မိုးစပါး ၁၆၅၂၄ ဧကနှင့် မိုးနှမ်း ၁၈၇၃ ဧက စုစုပေါင်း ၁၈၃၉၇ ဧက ရေနစ်မြုပ်လျက်ရှိနေသည်။

ထို့ပြင် ရေပြန်လည်ကျဆင်းသွားခြင်း မရှိသေးသောကြောင့် ပျက်စီးသော လယ်မြေဧကစာရင်း အတိအကျ မသိရှိရသေးကြောင်း တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် မိုးစပါး ၈၆၈၂၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သို့သော် ရေကြီးနစ်မြုပ်ကာ ပျက်စီးသွားသည့်လယ်ယာမြေများအတွက် တောင်သူများအနေဖြင့် လယ်ယာမြေပျက်စီးမှု အာမခံကြေး တစ်ဧကလျှင် သုံးသောင်းကျပ် ပြန်လည်ရရှိသွားမည်ဖြစ်ကြောင်းလည်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘ ဏ်၊ ကြို့ပင်ကောက် ဘဏ်ခွဲထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here