ဟာနီယက် လု-ပ်-ကြံခံရမှုကြောင့် လက်တုန့်ပြန်မှုတွေနဲ့ စစ်ဘောင်ကျယ်လာမယ့်အရေး စိုးရိမ်မှုတွေ ပြင်းထန်လာ

0
328

ဇူလိုင် ၃၁ ရက်မနက်ပိုင်းက အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ ဟားမတ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယက် လု-ပ်-ကြံသ–တ်ဖြ–တ်ခံလိုက်ရပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစ္စရေးအပေါ် လက်တုန့်ပြန်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုများစွာ ထွက်လာခဲ့ပြီး လက်ရှိဖြစ်နေဆဲ ဂါဇာစစ်ပွဲဟာ အရှေ့အလယ်ပိုင်းတခွင်လုံး ပျံ့နှ့သွားနိုင်တဲ့အခြေအနေအတွက် ပိုမိုစိုးရိမ်စရာဖြစ်လာပါတယ်။

ဒီလု-ပ်-ကြံမှုမှာ တာဝန်ရှိသလားဆိုတာနဲ့ပတ်သက်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အစိုးရအဖွဲ့က တစ်စုံတရာ ထုတ်ဖော်ခြင်းမရှိသလို သတ်ဖြတ်မှုအပေါ် မှတ်ချက်ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ သို့ပေမယ့် ဟာနီယက်ကို လုပ်-ကြံတိုက်ခိုက်မှုဟာ အစ္စရေးလက်ချက်ဖြစ်တယ်လို့ အများက ယူဆခဲ့ကြပါတယ်။

နိုင်ငံတော် ဧည့်ဂေဟာမှာ ရှိနေတဲ့ ဟာနီယက်ဟာ ဒုံးကျည်တိုက်ရိုက် ထိမှန်‌ေ-သဆုံးခဲ့တာဖြစ်တယ်လို့ ဟာနီယက်နဲ့ အတူနေထိုင်ခဲ့သ မျက်မြင်သက်သေတွေက ပြောဆိုကြောင်း ဟားမတ်စ်အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ခါလစ်အယ်ဟေယာက တီဟီရန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ပါတယ်။

“လက်ရှိမှာတော့ ညီနောင်(အီရန်) တွေထံက စုံစမ်းစစ်ဆေးချက် အပြည့်အစုံသိရဖို့ ကျွန်တော်တို့ စောင့်နေပါတယ်” လို့ အယ်ဟေယာက ပြောသွားပါတယ်။ ပုံမှန်အားဖြင့် ကာတာမှာ အခြေစိုက်နေထိုင်တဲ့ ဟာနီယက်ဟာ ဂါဇာစစ်ပွဲကာလမှာ နိုင်ငံတကာ သံတမန်ရေးမျက်နှာစာဖြစ်လာခဲ့သူပါ။ ပါလက်စတိုင်းဒေသနဲ့ အပစ်အခတ်ရပ်စဲမှု ရရှိဖို့ နိုင်ငံတကာ ကြားဝင်ညှိနှိုင်းသူတွေရဲ့ ဆွေးနွေးပွဲတွေမှာ သူ ပါဝင်ဆောင်ရွက်နေခဲ့ပါတယ်။

လက်ဘရွန်နိုင်ငံ မြို့တော်ဘေရွတ်ကို တိုက်ခိုက်ခဲ့မှုအတွင်း ဟစ်ဇ်ဘိုလာရဲ့ ဝါအရင့်ဆုံး တပ်မှူးတစ်ဦး ‌ေ-သဆုံးခဲ့တယ်လို့ အစ္စရေးက ထုတ်ပြန်ခဲ့ပြီးနောက် ၂၄ နာရီမပြည့်ခင်မှာပဲ ဟာနီယက် လု-ပ်ကြံမှု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိဖြစ်ရပ်တွေကြောင့် အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံပြု ဟားမတ်စ်အဖွဲ့အကြား ၁၀ လနီးပါးကြပြီဖြစ်တဲ့ ဂါဇာစစ်ပွဲ အပစ်ရပ်ရေး သဘောတူညီချက် ရရှိနိုင်မယ့် အခွင့်အလမ်းတွေ နောက်ပြန်ဆုတ်သွားပုံရပါတယ်။

ဟာနီယက် သ–တ်ဖြ–တ်ခံလိုက်ရမှုဟာ တိုက်ပွဲအသွင်အပြင်အသစ် ပြောင်းလဲစေပြီး ကြီးမားတဲ့ အကျိုးဆက်တွေဖြစ်လာလိမ့်မယ်လို့ ဟားမတ်စ်ရဲ့ လက်နက်ကိုင်အဖွဲ့က ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ အီရန်က လက်စားချေမှုလုပ်သွားမယ်လို့ ကြုံးဝါးရင်း ဟာနီယက်သ–တ်ဖြ–တ်ခံရမှုအတွက် သုံးရက်ကြာ ဝမ်းနည်းခြင်းကာလ ကြေညာခဲ့ပြီး အစ္စရေးကို ပံ့ပိုးမှုတွေလုပ်ပေးနေတဲ့ အမေရိကန်ဟာ ဒီဖြစ်ရပ်မှာ တာဝန်ရှိတယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

အီရန် သြဇာကြီးခေါင်းဆောင် အယာတိုလာ အလီခါမေနီက အစ္စရေးဟာ သူ့ကိုယ်သူ အပြင်းထန်ဆုံး ဒဏ်ခတ်ခံရဖို့အတွက် အကြောင်းပြချက် ရှာလိုက်တာဖြစ်ပြီး ဟာနီယက် ‌ေ-သဆုံးမှုအတွက် လက်စားချေဖို့ အီရန်မှာ တာဝန်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဂါဇာစစ်ပွဲ အစောပိုင်းရက်တွေမှာ အီရန်တပ်တွေက အစ္စရေးကို တိုက်ရိုက်တိုက်ခိုက်မှုလုပ်ထားခဲ့ကြကြောင်း သိရပါတယ်။

Ref: Cyprus Mail


LEAVE A REPLY

Please enter your comment!
Please enter your name here