ဘေရွတ်မြို့ကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်စစ်တပ်အကြံပေး‌ေ-သဆုံးခဲ့

0
365

အီရန်နိုင်ငံ၏ စစ်တပ်အကြံပေး Milad Bidi သည် ဇူလိုင် ၃၀ ရက်က ဘေရွတ်မြို့ကို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ‌ေ-သဆုံးသွားခဲ့ကြောင်း SNN ရုပ်သံလိုင်းက ပြောကြားခဲ့သည်။

“အီရန်နိုင်ငံ၏စစ်အကြံပေးတစ်ဦးဖြစ်သည့် Milad Bidi သည် ဘေရွတ်မြို့ကို ဇီယွန်အစိုးရ တိုက်ခိုက်ရေးသမားများ၏ တိုက်ခိုက်မှုတွင် အသက်ဆုံးရှုံးခဲ့သည်” ဟု ယင်းရုပ်မြင်သံကြားလိုင်းမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Bidi ၏ ရုပ်အလေ-ာင်းကို နာရီအနည်းငယ်အလိုတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု Mehr News Agency က ဆိုသည်။ သတင်းဌာန၏ဖော်ပြချက်အရ သူသည် ဟစ်ဇ်ဘိုလာစစ်ဌာနချုပ်၏ တပ်မှူး Fuad Shukr နှင့် အနီးတစ်ဝိုက်တွင် နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၃၀ ရက် ညနေပိုင်းက လက်ဘနွန်နိုင်ငံ၏မြို့တော် ဘေရွတ်ကို အစ္စရေးစစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrullah ၏ ညာလက်ရုံးဟု အစ္စရေးက ယုံကြည်ထားသူ ဒုံးကျည်လက်နက်များအပါအဝင် ဗျူဟာမြောက်ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်နေသည့် Shukr ကို အဆိုပါစစ်ဆင်ရေးဖြင့် ရှင်းလင်းသုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here