Wednesday, January 15, 2025

အပူဆုံးအချိန် Heat Stroke ဖြစ်နိုင်မည့်...

လက်ရှိ ဆောင်းတွင်းကာလ အအေးဆုံးအချိန်နှင့် အပူဆုံးအချိန်များကို သတိထားကြရန်နှင့် အပူဆုံးအချိန်တွင် Heat Stroke ဖြစ်နိုင်မည့် အန္တရာယ်ကို အသိရှိရှိကာကွယ်ရန် လိုအပ်ကြောင်း ပြင်ပမိုးလေဝသပညာရှင်...

ထိုင်လျှက်ဖြင့်ဘဝနတ်ထံလွန်‌တော်မူခဲ့သည့် ဟင်္သာတမြို့မှ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏ သြဝါဒါစရိယ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ် ဘဒ္ဒန္တ ပညာသာရသည် ဇန်နဝါရီ ၁၃ ရက်နံနက် ၅ နာရီ...

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ...

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်း ပြသနိုင်သည့် အသုံးပြုမှု၊...

စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတအား ယနေ့ ဖ-မ်းဆီး

ယမန်နှစ် ဒီဇင်ဘာအစောပိုင်းတွင် ခဏတာ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ မေးမြန်းရန်ရှိသဖြင့် လာရောက်ရန် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့မှပေးပို့သည့် ဆင့်ခေါ်စာ သုံးစောင်ကို လျစ်လျူရှုခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား...
HomeNewsLocal Newsစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ယာယီသမ္မတ ဖိတ်ခေါ်

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ယာယီသမ္မတ ဖိတ်ခေါ်

စိုက်ဧကမတိုးချဲ့ဘဲ သီးထပ်နှင့်အထွက်တိုးရေးအတွက်လုပ်ဆောင်ရန်ဆွေးနွေး

မြန်မာနိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြစ်သောကြောင့် ၎င်းလုပ်ငန်းများတွင် ငွေကြေးအရင်းအနှီးတတ်နိုင်သူများ ဝင်ရောက်ရင်းနှီးမြှုပ်နှံမည်ဆိုပါက နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်သည့်အတွက် ဖိတ်ခေါ်ပါကြောင်း ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ 

ဇူလိုင် (၃၁) ရက်၊ နံနက်ပိုင်းက နေပြည်တော်၌ ကာလုံ အစည်းအဝေး (၂/၂၀၂၄)ကိုကျင်းပပြုလုပ်စဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။

၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မိုးစပါးစိုက်ဧက ၁၅ သန်းကျော်လျာထားပြီး လက်ရှိအချိန်တွင်ပျမ်းမျှ ၇၀ ရာခိုင်နှုန်းနီးပါး စိုက်ပျိုးပြီးဖြစ်ကြောင်း၊
မိုးသီးနှံများအနေနှင့် မြေပဲ၊ နှမ်း၊ နေကြာစသည့် ဆီထွက်သီးနှံ လျာထားဧက ၄ ဒသမ ၆ သန်းကျော်ရှိပြီး ပျမ်းမျှ ၈၁ ရာခိုင်နှုန်းကျော်၊
ပဲအမျိုးမျိုး လျာထားဧက ၃ သန်း ကျော်ရှိပြီး ပျမ်းမျှ ၇၀ ရာခိုင် နှုန်းခန့် စိုက်ပျိုးပြီးဖြစ်ကြောင်း၊
စိုက်ပျိုးရေးနှင့် ပတ်သက်ပြီး အဓိက စိုက်ပျိုးသီးနှံများကို သီးထပ်စိုက်ပျိုးမှုဆောင်ရွက်ပြီး ၁ ဧကအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်စေလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

ထိုပြင် မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး စနစ်တကျမွေးမြူခြင်းနှင့် မွေးမြူရေးထုတ်ကုန်များ တိုးတက်အောင် ဆောင်ရွက်နိုင်ပါက ပြည်တွင်းသားငါးဖူလုံမှုသာမက ပြည်ပသွင်းကုန်ကို အစားထိုးနိုင်ပြီး အဓိကပို့ကုန်ကဏ္ဍအဖြစ် ပါဝင်လာနိုင်စေသည်အထိ အကျိုးရှိစေနိုင်ကြောင်း ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် မိုးစပါး ၁၅ သန်းနှင့် နွေစပါး ၂ သန်းစိုက်ပျိုးထားပြီး ၁ ဧက ပန်းတိုင် ရည်မှန်းချက်တင်း ၁၀၀ ထွက်ပါက လူဦးရေ သန်း ၁၀၀ စာအတွက် ဝမ်းစာဖူလုံမှုရှိကြောင်း၊ ယင်းသည် တစ်သီးသာဖြစ်ပြီး သီးထပ်စိုက်ပါက သန်း ၂၀၀ စာအတွက် ဖူလုံမှုရှိကြောင်း ၎င်းက ဆိုသည်။

ထိုကြောင့် လယ်စပါးစိုက်ပျိုးခြင်းကပင် ဆန်ပိုလျှံမှုများစွာရှိပြီး ပြည်ပ ဝင်ငွေများစွာ ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ အခြား ဝါ၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများလည်း ပန်းတိုင်ရည်မှန်းချက်ရအောင် ဆောင်ရွက်နိုင်ပါက စိုက်ဧကမတိုးချဲ့ဘဲနှင့်ပင် များစွာပိုလျှံမည်ဖြစ်သည့်အတွက် အားသွန်ခွန်စိုက်အလုပ်လုပ်ကြရန်နှင့် လုပ်နိုင်အောင် ဖန်တီးပေးရန်ပင်လိုကြောင်း ဆက်လက်ပြောကြားသည်။

မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများပင်ဖြစ်ကြောင်း၊ မွေးမြူရေး လုပ်ငန်းများ၌ ဒေသမျိုးရင်းတိရစ္ဆာန်များကိုပင် လှောင်မွေးစနစ်ဖြင့်မွေးမြူပြီး စိုက်ပျိုးရေးမှရရှိသည့် ဆန်ကွဲ၊ ဖွဲ၊ ပြောင်း၊ ပဲဖတ်၊ နှမ်းဖတ်၊ ကောက်ရိုးတိုဖြင့် အစာရေစာကို စနစ်တကျကျွေးမွေးပါက စီးပွားရေးအရများစွာ တွက်ချေကိုက်နိုင်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်နေသည့် နိုင်ငံများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းလမ်းများကို လေ့လာပြီး ခေတ်မီနည်းစနစ်များဖြင့် လက်တွေ့ဆောင်ရွက်နိုင်ရန် စီမံပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အပူဆုံးအချိန် Heat Stroke ဖြစ်နိုင်မည့် အန္တရာယ်ကို ကာကွယ်ရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင် အသိပေးထား

လက်ရှိ ဆောင်းတွင်းကာလ အအေးဆုံးအချိန်နှင့် အပူဆုံးအချိန်များကို သတိထားကြရန်နှင့် အပူဆုံးအချိန်တွင် Heat Stroke ဖြစ်နိုင်မည့် အန္တရာယ်ကို အသိရှိရှိကာကွယ်ရန် လိုအပ်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ၎င်း ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးရေးသားထား သည်။ လတ်တလောအချိန်တွင် အအေးဆုံးအချိန်နှင့် အပူဆုံးအချိန်များ သတိထားကြရန်နှင့် အအေးဆုံးအချိန်မှာ နံနက် စောစော (၂) နာရီမှ (၇) နာရီလောက်အထိ အအေးဆုံးအချိန်များဖြစ်ပြီး အပူဆုံးအချိန်မှာ နေ့လယ် (၁) နာရီမှ ညနေ (၄) နာရီကျော်သည်အထိ ဖြစ်နေတတ်ကြောင်း ၎င်းက...

ထိုင်လျှက်ဖြင့်ဘဝနတ်ထံလွန်‌တော်မူခဲ့သည့် ဟင်္သာတမြို့မှ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏ သြဝါဒါစရိယ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ် ဘဒ္ဒန္တ ပညာသာရသည် ဇန်နဝါရီ ၁၃ ရက်နံနက် ၅ နာရီ ၄၀ မိနစ်က ထိုင်လျှက်အနေအထားဖြင့် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့သည်။ ဆရာတော်ကြီးသည် သီတင်းသုံးနေထိုင်တော်မူလျှက်ရှိသည့် ဇောတိကာရုံကျောင်းဆောင်တွင် ထိုင်လျှက်အနေအထားဖြင့် ဓူတင်ကျင့်ဆောင်တော်မူနေစဥ် ရုတ်တရက်ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ပျံလွန်တော်မူသွားခဲ့သည့် ထိုင်ခုံပေါ်တွင်ထားရှိကာ ယင်း ထိုင်ခုံအား မှန်ဖြင့်ကာရံ၍ (၇)ရက်တိုင်အပူဇော်ခံထားရှိမည်ဖြစ်သည်။ ဆရာတော်ကြီးသည် ကျန်းမာရေးကောင်းမွန်ကာ ဆေးကုသနေရခြင်းမရှိဘဲ နေ့စဥ် ဆွမ်းခံကြွတော်မူလေ့ရှိပြီး ဒကာ၊ ဒကာမများအား တရား ဟောကြားမှုများကို အစဥ်ပြုလုပ်တော်မူလေ့ရှိပြီး...

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု ဆိူ

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်း ပြသနိုင်သည့် အသုံးပြုမှု၊ အနုလက်ရာမြောက်မှု၊ ရှားပါးမှု၊ သမိုင်းဆိုင်ရာတန်ဖိုးရှိမှုများရှိပြီး နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိပါက ရှေးဟောင်းဝတ္ထုပစ္စည်းဟု သတ်မှတ်နိုင်သည်ဟု ဆိုသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများကို မြန်မာနိုင်ငံအနှံ့အပြား မြေပေါ်တွင်လည်းကောင်း၊ မြေအောက်မှ လည်းကောင်း၊ ရေပေါ် ရေအောက်တွင်လည်းကောင်း ရှေးဟောင်းဒေသများနှင့် ဆက်စပ်လျက်ရှိသည့် နေရာများ၌ သုတေသနပြုလေ့လာခြင်းများမှ တွေ့ရှိရခြင်း၊ထွန်ယက်စိုက်ပျိုးခြင်း၊ ကျင်းတူးခြင်း၊ စသည့်လုပ်ငန်းများ ဆောင်ရွက်စဉ် မတော်တဆ တွေ့ရလေ့ရှိတတ်သည်ဟုဆိုသည်။ ထိုသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071