မြန်မာပြည် အလွတ်တန်းချန်ပီယံ စိန်ခေါ်ပွဲ ရက်ထပ်မံ ပြောင်းရွှေ့

0
107

မြန်မာပြည် အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲကို ယခင် ကြေညာထားသည့် ယခုလ ဩဂုတ် (၁၈)ရက် ပွဲစဉ်အစား စက်တင်ဘာလအတွင်းသို့ ရက်ထပ်မံ ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ထိုသို့ ပွဲစဉ်ရက်ပြောင်းရွှေ့ခြင်းသည် ကစားသမားနှစ်ဦးအနက် ထွန်းထွန်းမင်း အနေဖြင့် လေ့ကျင့်နေစဉ်အတွင်း ခြေထောက်ဒဏ်ရာရရှိခဲ့သည့်အတွက် ပွဲစဉ်ကိုနောက်ဆုတ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

” ရက်ရွှေ့လိုက်တာမှန်ပါတယ်။ ထွန်းထွန်းမင်းက လေ့ကျင့်နေတုန်းမှာ ခြေထောက်ဒဏ်ရာရသွားလို့ပါ။ ရက်က တော့အတိအကျမသိသေးဘူး၊ စက်တင်ဘာလအတွင်းလို့တော့ ပွဲစီစဉ်သူတွေဆီကတော့ သိထားရတယ်”ဟု ဆိုသည်။

အဆိုပါ ပွဲစဉ်အား စီစဉ်သည့် MWLC ကထွန်းထွန်းမင်းနှင့် ကျော်စွာဝင်းပွဲအား စက်တင်ဘာ (၂၂) ရက်သို့ ရွှေ့ဆိုင်းထားကြောင်း ရိုးရာလက်ဝှေ့ပရိသတ်များအား အသိပေးထားသည်။

ကျော်စွာဝင်းသည် ယခုလ ဇူလိုင်(၂၁) ရက်က ကျင်းပပြုလုပ်ခဲ့သည့် The Great Lethwei -TGL-7 ပြိုင်ပွဲတွင်အမေရိကန်နိုင်ငံသား ဘရတ်ပတ်စ်တိုး နှင့် ယှဉ်ပြိုင်ထိုးသ-တ်ရာ ပူးတွဲသရေရရှိထားသည်။

ယခု ယှဉ်ပြိုင်မည့်ပွဲစဉ်သည် မြန်မာပြည်အလွတ်တန်းချန်ပီယံသမိုင်းတစ်ကွေ့ပွဲစဉ်တစ်ခုဖြစ်ပြီး အလွတ်တန်းချန်ပီယံ ဂုဏ်ပုဒ်အား ရိုးရာဖိုက်တာတိုင်း လိုချင်ကြသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here