မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းယန္တရား စနစ်ကျရေး ဆွေးနွေး

0
266

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး Myanmar Tourism Development Board ၏ လုပ်ငန်းယန္တရား စနစ်တကျပေါ်ထွက်လာပြီး လုပ်ငန်းစဉ်များ လက်တွေ့အကောင်ထည် ဖော်ထုတ်နိုင်ရန် လိုအပ်ချက် ရှိ / မရှိ စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ဇူလိုင် (၃၀)ရက်က နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဗဟိုကော်မတီဝင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော် State Academy၊ မန္တလာတက္ကသိုလ်နှင့် အမျိုးသား စီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်တို့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင် အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ဇွန်လအတွင်း ကျင်းပပြုလုပ်ခဲ့သည့် (၁/၂၀ ၂၄) ကြိမ်မြောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ထားသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Myanmar Tourism Development Board သို့မဟုတ် Authority တစ်ခုတည်ထောင်ရန် လိုအပ်ချက် ရှိ/မရှိနှင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်ပြီး ဆန်းစစ်ချက်များနှင့်အတူ ကော်မတီသို့ ပြန်လည်တင်ပြနိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း ဦးစွာ ပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် Myanmar Tourism Development Board သို့မဟုတ် Authority တစ်ခု တည်ထောင်ရန် လိုအပ်ချက် ရှိ/မရှိနှင့် စပ်လျဉ်းပြီး အရေးပါသည့် ခေါင်းစဉ် (၅) ခု ကို ရွေးချယ်သတ်မှတ်ထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ရန် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။

ယင်းနောက် အဖွဲ့(၅)ဖွဲ့မှ ကိုယ်စားလှယ်များက MTDB ၏ အမည်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ MTDB ၏ ဖွဲ့စည်းပုံ၊ MTDB  ဥပဒေရေးဆွဲပြုစုရေးနှင့် ဥပဒေတွင်ထည့်သွင်းရမည့် ကိစ္စရပ်များ၊ MTDB ၏ စီမံကိန်းများ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် MTDB ၏ ဘဏ္ဍာငွေအရင်းအမြစ်များရရှိခြင်း၊ ထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်းစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြောင်း သိရသည်။

အလုပ်ရုံ ဆွေးနွေးပွဲ၏ ရလဒ်များကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here