ဇမ္ဗူရာဇ် ရွှေဆိုင်ပိုင်ရှင်ကို သ–တ်ကာ ရွှေထည်လုယူသူများကို ‌ေ-သဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်

0
223

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင် ညဈေးရှိ ဇမ္ဗူရာဇ် ရွှေဆိုင်ပိုင်ရှင်ကို သ–တ်ကာ ရွှေထည်ပစ္စည်း လုယူခဲ့သူများကို ‌ေ-သ ဒဏ်နှင့် ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအား ပြီးခဲ့သည့် ဇူလိုင် (၃၀) ရက်က အလုံခရိုင် တရားရုံးမှ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် တရားခံဝိုင်းချစ်ကိုကို (ခ)ဖိုးသားလေး(ဘ)ဦးစန်းမြင့်၊ ကိုဖြိုး(ဘ)ဦးစံရှင်၊ ခိုင်ကိုမောင် (ဘ)ဦးစန်းမြင့်တို့ (၃)ဦးကို အလုံခရိုင်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ (၁၇ဝ) အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်စီနှင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ဂ) အရ ‌ေ-သဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုနည်းတူ တရားခံ ရွှေစင်ရွှေ(ခ)ရွှေစင် (ဘ)ဦးစန်းမြင့်၊ အောင်ဇေယျာပိုင်(ခ)အသေးလေး (ဘ)ဦးစန်းမြင့်၊ ကျော်သူဝင်း(ခ)ဗိုလ်ချဲ (ဘ)ဦးဝင်းကြည်တို့ (၃)ဦးကို အလုံခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ (၄၁၁) အရ အလုပ်နှင့် ထောင်ဒဏ်(၂)နှစ်စီ အမိန့်ချခဲ့ကြောင်း သိရသည်။

ဇဗ္ဗူရာဇ် ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးသည် ပြီးခဲ့သည့် ၂၀ ၂၃ ခုနှစ်၊ အောက်တိုဘာ (၈) ရက် ညပိုင်းက ကြည့်မြင်တိုင် ညဈေးမှ ရွှေထည်ပစ္စည်းနှင့်အတူ ဆိုင်သိမ်းပြီးအိမ်အပြန်မှာ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ပြီး နောက်တစ်ရက်အောက်တိုဘာလ (၉) ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် (ဝ)မိုင်အနီးရှိ မြက်တောထဲ၌ ဒဏ်ရာများဖြင့် ‌ေ-သဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ဖြစ်ပြီး (၁၀)လခန့်အကြာတွင် ကျူးလွန်သူများကို ယခုကဲ့သို့ ‌ေ-သဒဏ်နှင့် ထောင်ဒဏ် အမိန့်များ ချမှတ်လိုက်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here