မြန်မာ့ ငြိမ်းချမ်းရေးအိမ်နီးချင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်သင့်ဟု ထိုင်း ပြော

0
180

မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်တန့်ကြရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအပေါ် အားပေးထောက်ခံရာ၌ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင်ဆောင်ရွက်သွားကြဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက တိုက်တွန်းခဲ့ပါတယ်။

စနေနေ့က ဗီယန်ကျင်းမြို့မှာ ကျိုဒိုသတင်းဋ္ဌာန၊ ထိုင်းမီဒီယာတွေနဲ့ တွေ့ဆုံပြောဆိုခဲ့မှုအတွင်း ဇူလိုင်လအစောပိုင်းက နူးဒေလီမှာ ပြုလုပ်ခဲ့တဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံအချို့၏ ပြင်ပအစည်းအဝေး အဖြစ် မြန်မာ့ပြည်တွင်းရေးနဲ့ပတ်သက်ပြီး မြန်မာ၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများနှင့်အလွတ်သဘောဆွေးနွေးမှုများလုပ်ခဲ့သည်ဟု မာရစ်က ပြောကြားခဲ့သည်။

မြန်မာနှင့် နယ်နမိတ်ထိစပ်နေသော ထိုင်းနှင့်အိန္ဒိယတို့သည် မြန်မာပြည်တွင်း တပ်မတော်နှင့် ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာကြ‌ေသာ စစ်ဘေးရှောင် အများအပြား နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာမှုနဲ့ ရင်ဆိုင်နေခဲ့ရသည်။

“နိုင်ငံအတော်များများက နစက အပေါ် ပိုမိုပွင့်လင်းတဲ့ သဘောထားအမြင်တွေ ရှိလာတာကြောင့် မြန်မာနိုင်ငံအခြေအနေ တိုးတက်ကောင်းမွန်လာဖို့ အခွင့်အလမ်းကောင်း ရှိနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ မာရစ်က ပြောသည်။

သုံးပွင့်ဆိုင် ဆွေးနွေးမှုများ ပြုလုပ်ချိန်၌ မြန်မာဘက်က ပိုပြီး ပွင့်လင်းသော အကြံညဏ်များ ရှိနေသည်ဟု သူ ထင်မြင်ကြောင်းလည်း ဇူလိုင်လအစောပိုင်းကလုပ်ခဲ့သော BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကာလအတွင်း မြန်မာ၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ နှင့်တွေ့ဆုံဆွေးနွေးမှုကို ရည်ညွှန်းကာ မာရစ်က ပြောသည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here