မူဆယ်တွင် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မေတ္တာပို့‌ဆုတောင်းပွဲပြုလုပ်ကာ ရှမ်းဂန္တဝင်အဆိုတော် စိုင်းထီးဆိုင်နှင့် ဦးစိုင်းဆိုင်မော့ဝ် သီချင်းများဖြင့် သီဆိုဖျော်ဖြေ

0
113

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် မေတ္တာပို့‌ဆုတောင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ရှမ်းဂန္တဝင်အဆိုတော် စိုင်းထီးဆိုင်နှင့် စိုင်းဆိုင်မော့ဝ် တို့၏ သီချင်းများဖြင့် သီဆိုဖျော်ဖြေကာဆုတောင်းမေတ္တာပို့သခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

အဆိုပါ ငြိမ်းချမ်းရေးဆုတောင်းပွဲသည် ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းရှိ စစ်ဘေးသင့်ပြည်သူများအား ကိုယ်ချင်းစာသောအားဖြင့် စစ်ဘေးဒုက္ခများကင်းဝေးစေရန် မေ တ္တာပို့‌ဆုတောင်းသည့် ပွဲတစ်ခုလည်းဖြစ်သည်။

ဆုတောင်းပွဲတွင် “ကမ္ဘာမြေငြိမ်းချမ်းပါစေ တေးသီချင်း” အပါအဝင် စိုင်းထီးဆိုင်နှင့် စိုင်းဆိုင်မောဝ်တို့အားအောက်မေ့ဖွယ်ဂုဏ်ပြုသောအားဖြင့် “သဘာဝရဲ့ရင်သွေးငယ်”၊” ချယ်ရီတွေငိုနေပီနန်းရယ်”သီးချင်းများ သီဆိုခဲ့ကြကြောင်း သိရသည်။

“ဘယ်အဖွဲ့အစည်းကမှ စေခိုင်းလို့ပြုလုပ်တာမဟုတ်ပါဘူးခင်ဗျ။ မြန်မာပြည်အဝန်းနှင့် ရှမ်းပြည်နယ်ဒေသအသီးသီးမှာ စစ်ဘေးရှောင်ပြည်သူများနဲ့ စစ်ဘေးဒုက္ခခံစားနေရသူများကို ကိုယ်ချင်းစာသောအားဖြင့် စစ်ဘေးဒုက္ခများကင်းဝေးပါစေကြောင်းမေတ္တာပို့‌ဆုတောင်းခြင်းသာဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားထားသည်။

အဆိုပါ ငြိမ်းချမ်းရေးဆုတောင်းပွဲအား ဇူလိုင်(၃၁)ရက် ညနေ (၆)နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း စာပေယဉ်ကျေးမှုအဖွဲ့၊ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတအသင်းများနှင့် မူဆယ်ဒေသခံများ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- CJ


LEAVE A REPLY

Please enter your comment!
Please enter your name here