Myanmar Women League 2024 ပွဲစဉ်တစ်လျှောက် ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားများစာရင်း ထွက်ပေါ်

0
402

Myanmar Women League 2024 ပွဲစဉ်တလျှောက် Week -10 ပွဲစဉ်အပြီး ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားများစာရင်းများကို မြန်မာနေရှင်နယ်လိဂ်က ယမန်နေ့ ဇူလိုင် (၃၁)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

Myanmar Women League 2024 ပွဲစဉ် Week-10 ပွဲစဉ်များအပြီး ဧရာဝတီယူနိုက်တက်အသင်းမှ စန်းသော်သော်အနေဖြင့် သွင်းဂိုး(၈)ဂိုးအထိ သွင်းယူထားနိုင်ပြီး အသင်းအနေဖြင့်လည်း ရမှတ်(၁၆)မှတ်ဖြင့် အုပ်စုတွင်း အဆင့် (၃) နေရာတွင် ရပ်တည်နေသည်။

အလားတူ သစ္စာအားမာန်အသင်းမှ မြတ်နိုးခင်၊ မြဝတီအသင်းမှ ရူပါခင်နှင့် ဖြူဖြူဝင်း၊ ရန်ကုန်ယူနိုက်တက်မှ ယွန်းဝတီလှိုင်တို့က သွင်းဂိုး(၆)ဂိုးစီ အသီးသီးသွင်းယူထားနိုင်သည်။

၎င်းတို့ ကိုယ်စားပြုကစားနေသည့် သစ္စာအားမာန်အသင်းအနေဖြင့် ရမှတ် (၁၂)ဖြင့် အုပ်စုတွင်း အဆင့်(၄)၊ မြဝတီအသင်းအနေဖြင့် ရမှတ်(၁၁)မှတ်ဖြင့် အုပ်စုအဆင့်(၅)၊ ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ရမှတ်(၂၂)မှတ်ဖြင့် အုပ်စုတွင်း အဆင့်(၁)ဖြင့် အသီးသီးရပ်တည်နေခြင်းဖြစ်သည်။

ပြိုင်ပွဲအား သုံးကျော့စနစ် (3 Round Robin)အရ ပထမအကျော့အား မေ(၇)ရက်မှ ဇွန်(၁၁)ရက်အတွင်း ပွဲစဉ် (၇)ပွဲ၊ ဒုတိယအကျော့အားဇူလိုင် (၁၇)ရက်မှ ဩဂုတ် (၂၀)ရက်အတွင်း ပွဲစဉ်(၇)ပွဲ၊ တတိယအကျော့အား စက်တင်ဘာ(၆)ရက်မှ နိုဝင်ဘာ(၅)ရက်အတွင်း ပွဲစဉ် (၇)ပွဲစသဖြင့် အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် မြဝတီအမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသင်း စသည့်အသင်း (၇)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here