နောင်ချိုတွင် နေအိမ်ခြံဝန်း တစ်ခုအတွင်း မြေကျင်းတူး မြှုပ်နှံထားသည့် ကျပ်သိန်း (၈၁၀) တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide များ ဖမ်းဆီးရမိ

0
132

ရှမ်းပြည်နယ်မြောက်ပိုင်း ၊နောင်ချိုမြို့နယ်၊ ကျောင်းကုန်းကျေးရွာအနီးရှိ နေအိမ်ခြံဝန်းအတွင်း မြေကျင်းတူး၍ မြှုပ်နှံထားသည့် သံပီပါများအတွင်းမှ ကျပ်သိန်း (၈၁၀) တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide များ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ သြဂုတ်(၁)ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် (၂၉) ရက်၊ နေ့လယ် (၁၂)နာရီအချိန်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ နောင်ချိုမြို့နယ်၊ ကျောင်းကုန်းကျေးရွာအနီးရှိ ယန်ဆန်၏ နေအိမ်ခြံဝန်းအား ဝင်ရောက်ရှာဖွေရာခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ယန်အင်ချီ အား တွေ့ရှိပြီး ခြံဝန်းအတွင်း မြေကျင်းတူး၍ မြှုပ်နှံထားသည့် သံပီပါများအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyani de ၁၃၅၀၀ ကီလို၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း (၈၁၀)နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုသို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ယန်ဆန်(၃၉)နှစ် နှင့် ယန်အင်ချီ(၄၁)နှစ်တို့အား ပိတ်ချင်းမြောင်နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here