နိုင်ငံခြားငွေကြေးကစားသူများနှင့် ဟွန်ဒီလုပ်ငန်း ဆောင်ရွက်သူ (၉၃) ဦးကို ဖော်ထုတ်အရေးယူပြီး Money Changer (၁၉၄) ခုအား လိုင်စင်ရုတ်သိမ်းအရေးယူထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်အသိပေး

0
318

နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်စေလိုသော မသမာသူ အဖျက်သမားများက လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Facebook၊ Telegram၊ Viber တို့မှတဆင့် မဟုတ်မမှန်လုပ်ကြံသတင်းများထုတ်ပြန်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်စေရန်လှုံ့ဆော် လျက်ရှိသဖြင့် Nuggets(Viber Group) ၊ Seven Star ဈေးနှုန်း၊ ဒေါ်လာရောင်းဝယ်ရေးနှင့် Update ဈေးနှုန်းများ၊ SDollor Exchange Service MM စသည်တို့အား တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စိစစ်ဖော်ထုတ်လျက်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်း၊နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ငွေ ကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေလ (၂၄) ရက်တွင် အ သိပေးထုတ်ပြန်ပြီးဖြစ်သည်။

အဆိုပါအသိပေး ကြေညာချက်ထုတ်ပြန်ခဲ့သည့်နေ့မှ ဇွန်လ (၄) ရက်အထိ နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်(၉၃)ဦးတို့အား စိစစ်ဖော်ထုတ်နိုင်ခဲ့ပြီး တရားမဝင်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်းမပြုနိုင်စေရန် ဘဏ်များနှင့်မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသည့် အဖွဲ့အ စည်းများတွင် ဖွင့်လှစ်ထားရှိသည့် ၎င်းတို့၏ဘဏ်ငွေစာရင်းများနှင့် Pay Account များအား ယာယီဆိုင်းငံ့ခြင်းများ ဆောင်ရွက်ထားပြီးဖြစ်သည်။

ဆက်လက်၍လည်း တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စိစစ်အရေးယူလျက်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းနှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် Money Changer များအား လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များ ရုပ်သိမ်းခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃)ရက်မှ ၂၀၂၄ ခုနှစ် ‌ဧပြီလ (၁၁ ) ရက်အထိ Money Changer (၁၉၃)ခုအား လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခဲ့ပြီးဖြစ်ကာ ဇူလိုင်လ (၂၆)ရက်တွင် Reliance Ville Co., Ltd. အားလိုင်စင်ထပ်မံရုပ်သိမ်းခဲ့သဖြင့် ဩဂုတ်လ (၁) ရက်အထိ ရက်နေ့အထိ စုစုပေါင်း Money Changer (၁၉၄)ခုအားလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခဲ့ပြီးဖြစ်ကြောင်းလည်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရော က်မည့်သူများအတွက်အသေးသုံးနိုင်ငံခြားငွေ ငွေသားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့မဟုတ် AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ၂၀၂၃ ခုနှစ် မေလ (၃၁) ရက်မှစတင်၍ လည်းကောင်း၊ပြည်ပသို့ထွက်ခွာသူများအနက် ဘုရားဖူးထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများအား ၂၀၂ ၃ ခုနှစ် ၊ ဩဂုတ် (၁၈) ရက်မှစတင်၍လည်းကောင်း၊ တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့်(ယင်းနှင့်ညီမျှသောနိုင်ငံခြားငွေ ငွေသား)ကို အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ကြေညာပေးလျက်ရှိသော Market Trading Rate + ၁၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်တွင် အထူးအစီစဉ်တစ်ရပ်အနေဖြင့် ပြည်တွင်းပုဂ္ဂလိကဘဏ် (၃)ဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်လီမိတက်၊ AYA Bank PCL ၊ UAB ဘဏ်နှင့်နိုင်ငံ ခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (Money Changer) လိုင်စင်ရကုမ္ပဏီ(၂)ခုဖြစ်သည့် Eastern Lad Co., Ltd နှင့် Golden Money Services Co., Ltd. တို့နှင့်ပူးပေါင်း၍ အများပြည်သူများ၏ အသေးသုံးငွေများအတွက် နေပြည်တော်၊ ရန်ကုန်မြို့ ၊ မန္တလေးမြို့ နှင့် တောင်ကြီးမြို့တို့တွင် ရောင်းချ ပေးခဲ့ရာ ဇူလိုင်လ (၃၀) ရက်အထိ အမေရိကန်ဒေါ်လာ ၇၅၅,၇၉၆ ကို အများပြည်သူသို့ ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင် Website ဖြစ်သည့် www.cbm. gov.m mm တွင်နိုင်ငံခြား ငွေလဲလှယ်နှုန်းများအားတရားဝင်ထုတ်ပြန်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် ဟွန်ဒီဖြင့် တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုချက်လိုင်စင်ရရှိထားသည့် ဘဏ်များနှင့် Money Changer များထံမှသာ နိုင်ငံခြားငွေများအားရောင်းဝယ်လဲလှယ်ခြင်းကို ပြုလုပ်ကြရန် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here