သက်ဆင် ဒူဘိုင်းသို့ ခရီးသွားခွင့် လျှောက်ထားမှု တရားရုံး ပယ်ချ

0
240

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ သည်ဆေးကုသမှုခံယူရန်အတွက် ကြာသပတေးနေ့၌ ဒူဘိုင်းသို့ သွားရောက်ခွင့်ပြုဖို့ လျှောက်ထားချက်ကို ပြစ်မှုဆိုင်ရာ တရားရုံးက ဗုဒ္ဓဟူးနေ့မှာ ပယ်ချလိုက်ကြောင်း သိရသည်။ သူ့အပေါ် စွဲဆိုထားသောတော်ဝင်အသရေဖျက်မှု ကိုပထမဆုံးကြားနာမှု မတိုင်မီ သုံးပတ်ခန့်အလိုတွင် ယခုကဲ့သို့ ပြည်ပထွက်ခွင့် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

သက်ဆင်သည် ၄င်းကို ပြည်ပသို့ ထွက်ခွာခွင့်ပြုရန်နှင့် ဒူဘိုင်း၌ သြဂုတ် လ ၁ ရက်နေ မှ၁၆ ရက်နေ့အထိ နေထိုင်ခွင့်ပြုဖို့ စနေနေ့က လျှောက်ထားချက်တင်ခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

၂၀၁၅ ခုနှစ်က တောင်ကိုရီးယားနိုင်ငံတွင် မီဒီယာအင်တာဗျူးတစ်ခုတွင်သူ ပြောဆိုခဲ့ သည်များနှင့်ပတ်သက်၍ သက်ဆင်ကို တော်ဝင် အသရေဖျက်မှု၊ ကွန်ပျူတာ ရာဇဝတ်မှုများဖြင့် စွဲချက်တင်ထားသည်။

သက်ဆင်၏ ရောဂါဝေဒနာသည် သာမန်ပြည်သူများလည်း ဖြစ်ပွားလေ့ရှိသော ရောဂါမျိုးဖြစ်ပြီး ၄င်း ရောဂါများကို ထိုင်းနိုင်ငံရှိ ဆရာဝန်များ က ကုသပေးနိုင်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ၄င်းအပြင် ဒူဘိုင်း၌ အလုပ်ကိစ္စအတွက် အခြားသူများနှင့် ချိန်းဆိုမှုများ ရှိသည်ဟူသော အကြောင်းပြချက်သည်လည်း ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်ကြောင်း တရားရုံးက ပြောကြားခဲ့သည်။

တရားရုံးအနေဖြင့် သက်ဆင်သည် ပြည်ပခရီးစဉ်ထွက်ရန် လိုအပ်သောအခြေအနေမျိုး မဟုတ်ဘဲ တောင်းဆိုထားသော ကာလသည် ပထမဆုံး အမှုကြားနာရက် ဖြစ်သော သြဂုတ်လ ၁၉ရက် နှင့်နီးကပ်နေေသာကြောင့် နိုင်ငံတွင်းမှ ထွက်ခွာခွင့် မပြုနိုင်ကြောင်းပြောကြားကာ တောင်းဆိုလျှောက်ထားချက်အား ပယ်ချခဲ့သည်။

သက်ဆင်ကို ဇွန်လ ၁၈ ရက်နေ့က စွဲချက်တင်အမိန့်ချခဲ့ခြင်း ဖြစ်ပြီး ဘတ် ၅ သိန်း အာမခံဖြင့် လွှတ်ပေးခဲ့ကာ တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံတွင်းမှ ထွက်ခွာခြင်းမပြုဖို့ တားမြစ်ထားခြင်းဖြစ်သည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here