အာဆီယံ တူညီဆန္ဒ (၅) ချက်နှင့် နစက ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အကောင်အထည်ဖော်ဆောင်မှုများကို နစက ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက် ဆွေးနွေး

0
267

အာဆီယံတူညီဆန္ဒ (၅) ချက်နှင့် နစက၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်မှုများနှင့် ပတ်သက်၍ နစက ဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်သွားရောက်ခဲ့သည့် နစက ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊အထက်လွှတ်တော် ဥက္ကဋ္ဌတို့နှင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အထူးကိုယ်စားလှယ်အဖြစ် နစက ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ဇူလိုင် (၃၁)ရက်မှ သြဂုတ်(၂) ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်သွားရောက်နေခြင်းဖြစ်သည်။

အထူးကိုယ်စားလှယ်သည် ဖနောင်ပင်မြိုသို့ရောက်ရှိစဉ် သြဂုတ် (၁) ရက်၊ နံနက် (၉) နာရီအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒတ် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆန်အား ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်၌ လည်းကောင်း၊ နံနက် (၁၀)နာရီခွဲတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒတ် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်အား ငြိမ်းချမ်းရေးနန်းတော်၌ လည်းကောင်း သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ် တိုးတက်မှုများ၊ အာဆီယံတူညီဆန္ဒ (၅) ချက်နှင့် နစက၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် နိုင်ငံတွင်းတရားမျှတသည့် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံအကြားရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေး၊ ခရီးသွားလာမှု၊ ချိတ်ဆက်မှုနှင့် ယဉ်ကျေးမှုကဏ္ဍများအပါအဝင် နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့်အလားအလာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးနှင့် ၂၀၂၅ ခုနှစ်တွင် ကျရောက်မည့် နှစ် (၇၀) ပြည့် သံတမန်ဆက်ဆံရေးထူထောင်သည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် အထူးကိုယ်စားလှယ်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယား၊အထက်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ (၁) မစ္စတာ ပရတ်ဆုတ်ခွန်းက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here