လောက်ကိုင်တွင် ဗမာလူမျိုးများအား လူမျိုးရေးခွဲခြားမှုများရှိနေပြီး၊ အလုပ်ဝင်ရောက်လုပ်ကိုင်မှုအား တားမြစ်တားဟု ဆို

0
107

MNDAA က ၁၀၂၇ စစ်ဆင်ရေးစတင် ဖော်ဆောင်သည့်အချိန်မှစ၍ ဗမာလူမျိုးများအား ခွဲခြားဆက်ဆံမှုများရှိနေပြီး၊ အလုပ်လုပ်ကိုင်မှုအား တားမြစ်ထားကြောင်း လောက်ကိုင်ဘက်မှ ပြန်လည် ဝင်ရောက်သူ မူဆယ်ဒေသခံတစ်ဦး က ပေါ်ပြူလာနယူးစ် ကိုပြောသည်။

လက်ရှိတွင် လောက်ကိုင်မြို့၌ ဗမာလူမျိုးများအား နှင်ထုတ်နေပြီး၊ အလုပ်ဝင်ရောက်လုပ်ကိုင်လိုပါက လုပ်ငန်းရှင်မှ ထောက်ခံပေးမှသာ ဝင်ရောက်ခွင့်ပြုသည်ဟု ဆိုသည်။

“အရင်တုန်းက ပုံမှန်အတိုင်းဘဲ ‌သွားပြီး အလုပ်ဝင်လုပ်လို့ရတယ်။ အခု ၁၀၂၇ ပါပြီးနောက်ပိုင်း ဗမာတွေ အလုပ်သွားလုပ်ချင်လို့မရတော့ဘူး။ အာမခံသူရှိမှ ဗမာကို အထဲပေးဝင်တာ။ ဗမာဆိုရင်သူတို့ သိပ်မကြိုက်ချင်ဘူး။ လူမျိုးခွဲခြားတာပေါ့ဗျာ။ အခုလောက်ကိုင်မှာ ဗမာလူမျိုးနေထိုင်တာတွေကို အကုန်နှင်လွှတ်တယ်” ဟု ၎င်းက ရှင်းပြသည်။

ကိုးကန့်တပ်(MNDAA)က ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့အတွင်း အများပြည်သူသွားရာ လမ်းဆုံများ၊ နေထိုင်ရာ ရပ်ကွက်များအတွင်း ဝင်ရောက်စစ်ဆေးခြင်းများလုပ်ဆောင်နေပြီး၊ ဖမ်းဆီးနေခြင်းများ ရှိနေကြောင်း သိရသည်။

ထို့အပြင် ဗမာလူမျိုးများ လူနေထိုင်ရာ နေရာတွေများတွင် နေထိုင်ခွင့်စာအုပ်များကို ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်နေပြီး၊ ‌ဆက်လက်နေထိုင်မှုအတွက် အာမခံပေးမည့်သူမရှိပါက နှင်ထုတ်နေကြောင်း မူဆယ်မြို့သို့ ရောက်ရှိလာသည့် နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ယင်းနှင့်ပတ်သက်၍ “လောက်ကိုင်တွင် တပါးသူတို့ သိမ်းပိုက်ထားစဉ်က ဗမာလူမျိုး မရှိစေရ မနေရဟု လုပ်နေသည်များရှိနေပြီး ထို့အတူ လားရှိုးကို တိုက်၍အောင်မြင်သွားလျှင် ဗမာမလာရ မဝင်ရ လုပ်ကြပါဦးတော့မည်။ ဤသည်မှာ ဒီမိုကရေစီ မဟုတ်ဟုထင်သည်။ ဒီမိုကရေစီသည် အများကောင်းစားရေး ညီညွတ်မျှတရေးဟု ထင်သည်။ ယခုပွဲမှာ ဒီမိုကရေစီဟုတ်ပါ၏လော။ စဉ်းစားရခက်လေသည်။”ဟု လားရှိုးတိုက်ပွဲ အခြေ အနေအား  လေ့လာစောင့်ကြည်နေသူတစ်ဦးက မျှဝေထားသည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here